၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် ပွဲကြိုသုံးသပ်ချက်

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 14 November 2025

ခရိုအေးရှား နှင့် ဖာရိုးကျွန်းစုများ  (မြန်မာစံတော်ချိန် စနေနံနက် ၂း၁၅ နာရီ)

ခရိုအေးရှားက ဒီပွဲမှာ တစ်မှတ်ရရုံနဲ့ ခြေစစ်ပွဲအောင်ပါပြီ။ ဖာရိုးအတွက်တော့ ဒီပွဲအနိုင်ရရင်တောင် ချက်ကိုကျော်ပြီး Play-offs ယှဉ်ပြိုင်ခွင့်ရဖို့ မလွယ်တော့ပါဘူး။ ဒါပေမဲ့ နောက်ဆုံးသုံးပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ ဖာရိုးအသင်းရဲ့ အားထုတ်မှုကို လျှော့တွက်လို့တော့ မရပါဘူး။ ဒါကြောင့်လည်း  အိမ်ကွင်းမှာ ဂရုတစိုက်ကစားမယ့် ခရိုအေးရှားအသင်း သုံးမှတ်အပြည့် ယူနိုင်ပါလိမ့်မယ်။

လူဇင်ဘတ် နှင့် ဂျာမနီ (မြန်မာစံတော်ချိန် စနေနံနက် ၂း၁၅ နာရီ)

အုပ်စု (A) မှာ ဂျာမနီနဲ့ ဆလိုဗက်ကီးယားအသင်းတို့ ရမှတ်ကိုးမှတ်စီနဲ့ ထိပ်ဆုံးမှာ အပြိုင်ဖြစ်နေတယ်။ ဂျာမနီအသင်းက အဖွင့်ပွဲစဉ်မှာ ဆလိုက်ဗက်ကီးယားကို ရှုံးနိမ့်ပြီးနောက်ပိုင်း သုံးပွဲဆက် အနိုင်ရထားတယ်။ နောက်ဆုံးပွဲမှာ ဆလိုဗက်ကီးယားနဲ့ အိမ်ကွင်းပြန်ဆုံရမှာဖြစ်လို့ ဒီပွဲကို အနိုင်ကစားထားဖို့လိုတယ်။ လူဇင်ဘတ်က အုပ်စုတွင်း အားအနည်းဆုံးအသင်းဖြစ်သလို အမှတ်မရသေးဘဲ ရဂိုးတစ်ဂိုး၊ ပေးဂိုး ၁၀ ဂိုးအထိရှိနေလို့ ဂျာမနီအတွက် မခက်ခဲပါဘူး။ ဂျာမနီ အသင်း ဂိုးမိုးရွာဦးမယ့်ပွဲပါ။

ပိုလန် နှင့် နယ်သာလန်  (မြန်မာစံတော်ချိန် စနေနံနက် ၂း၁၅ နာရီ)

အုပ်စုပထမနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတဲ့နှစ်သင်း ထိပ်တိုက်တွေ့ဆုံတာ ဖြစ်ပြီး ပထမအကျော့ နယ်သာလန်မြေမှာ တစ်ဂိုးစီသရေကျထားတယ်။ နယ်သာလန်အသင်းအနေနဲ့ ဒီပွဲအနိုင်ရရင် ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပြီး ပိုလန်ကလည်း မျှော်လင့်ချက်ရှိနေသေးလို့ အိမ်ကွင်းမှာ အခက်တွေ့အောင်ကြိုးစားမှာ သေချာပါတယ်။ နှစ်သင်းစလုံး သုံးပွဲဆက် အနိုင်ရထားပြီး အုပ်စုတွင်းခြောက်ပွဲမှာ ၂၂ ဂိုးသွင်းယူထားတဲ့ နယ်သာလန်ရဲ့ တိုက်စစ်ကစားပုံက အားရစရာပါ။ နယ်သာလန်ကို ပိုကြိုက်တယ်။

အခြားပွဲများ

* ဖင်လန် - မော်လ်တာ

ဂျီဘရော်လ်တာ - မွန်တီနီဂရိုး *

* ဆလိုဗက်ကီးယား - မြောက်အိုင်ယာလန်

Most Read

Most Recent