■ ထိုင်းနိုင်ငံက ဖမ်းဆီးထိန်းသိမ်းထားသည့် ကျားဖျန့်စင်တာများနှင့် ပတ်သက်မှုရှိသော လုပ်ငန်းရှင် ရှီကျီးကျန်းကို တရုတ်သို့ လွှဲပြောင်း

■ ထိုင်းနိုင်ငံက ဖမ်းဆီးထိန်းသိမ်းထားသည့် ကျားဖျန့်စင်တာများနှင့် ပတ်သက်မှုရှိသော လုပ်ငန်းရှင် ရှီကျီးကျန်းကို တရုတ်သို့ လွှဲပြောင်း
Published 12 November 2025

ထိုင်းအာဏာပိုင်များသည် အရှေ့တောင်အာရှတွင် ကြီးမားသည့် တရားမဝင်လောင်းကစားလုပ်ငန်းကို ထူထောင်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် တရုတ်လူမျိုး  ရှီကျီးကျန်းကို တရုတ်သို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြခဲ့သည်။

နိုင်ငံတကာ ရဲတပ်ဖွဲ့ထံ တရုတ်၏ တောင်းဆိုမှုအရ ထိုင်းရဲတပ်ဖွဲ့သည် ရှီကို ၂၀၂၂ ခုနှစ်ကတည်းက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

ရှီသည် တရားမဝင်လောင်းကစားလုပ်ငန်းများကို ဖွင့်လှစ်ထားကြောင်း တရုတ်က စွပ်စွဲခဲ့ပြီး ၎င်းင်းအား တရုတ်သို့ လွှဲပြောင်းအပ်နှံရန် ထိုင်းတရားရုံးက ယခုသီတင်းပတ်အတွင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

ရှီသည် နိုဝင်ဘာ ၁၂ ရက်က ဘန်ကောက်လေဆိပ်သို့ ရောက်ရှိခဲ့ပြီး ၎င်းင်ကို လုံခြုံရေးအရာရှိနှစ်ဦးက လိုက်ပါစောင့်ကြပ်ခဲ့သည်။

ထိုင်းဘုရင်၏ သမိုင်းဝင် တရုတ်ခရီးစဉ်မတိုင်မီ ထိုင်းက ရှီကို တရုတ်ထံ လွှဲပြောင်းအပ်နှံခဲ့ခြင်းလည်းဖြစ်သည်။ ထိုင်းဘုရင်သည် တရုတ်သို့ ပထမဆုံးအကြိမ် နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ပြီး ယင်းသည် နှစ်နိုင်ငံဆက်ဆံရေးများ မြင့်တက်နေသည့် လက္ခဏာတစ်ခုဖြစ်သည်။

ရှီသည် အရှေ့တောင်အာရှရှိ ကျားဖျန့်စင်တာများနှင့် ပတ်သက်ဆက်နွှယ်မှုရှိသည့် နာမည်အကြီးဆုံး လုပ်ငန်းရှင်များထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

ရှီ၏ နာမည်ဆိုးဖြင့် အကျော်ကြားဆုံး ပရောဂျက်တစ်ခုမှာ ထိုင်းနယ်စပ်အနီးရှိ မြန်မာနိုင်ငံ၏ ရွှေကုက္ကိုလ်မြို့ဖြစ်သည်။

ထိုမြို့သည် တရုတ်ခရီးသွားများအတွက် အပန်းဖြေမြို့အဖြစ် ကြော်ငြာဗီဒီယိုများထဲတွင် ရိုက်ကူးဖော်ပြထားသော်လည်း လက်တွေ့တွင် အွန်လိုင်းပေါ်မှ ငွေကြေးလိမ်ညာမှုများ၊ ငွေကြေးခဝါချမှုများ၊ လူမှောင်ခိုကူးမှုများ ပြည့်နေသည့် မြို့ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: BBC

Photos: The Reporters

 

Most Read

Most Recent