■ ကိုရီးယားနိုင်ငံက နိုင်ငံခြားသားအလုပ်သမားများကို နာမည်တပ်မခေါ်ဘဲ “ဟေး” “မင်း” ဟု ခေါ်ဝေါ်ခြင်းမှာ ရိုင်းသည့်အပြုအမှုဖြစ်၍ အသစ်ရောက်ရှိလာသည့် မြန်မာအလုပ်သမားများအား နာမည်ကတ်ပြား တပ်ဆင်ပေး

■ ကိုရီးယားနိုင်ငံက နိုင်ငံခြားသားအလုပ်သမားများကို နာမည်တပ်မခေါ်ဘဲ “ဟေး” “မင်း” ဟု ခေါ်ဝေါ်ခြင်းမှာ ရိုင်းသည့်အပြုအမှုဖြစ်၍ အသစ်ရောက်ရှိလာသည့် မြန်မာအလုပ်သမားများအား နာမည်ကတ်ပြား တပ်ဆင်ပေး
Published 11 November 2025

ကိုရီးယားနိုင်ငံက နိုင်ငံခြားသားအလုပ်သမားများကို နာမည်တပ်မခေါ်ဘဲ “ဟေး “မင်း ဟု ခေါ်ဝေါ်ခြင်းမှာ ရိုင်းသည့်အပြုအမှုဖြစ်၍ အသစ်ရောက်ရှိလာသည့် မြန်မာအလုပ်သမားများအား နာမည်ကတ်ပြား တပ်ဆင်ပေးကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ယခင်က ကိုရီးယားသမ္မတနိုင်ငံရှိ နိုင်ငံခြားသားအလုပ်သမားများအား နာမည်တပ်မခေါ်ဘဲ “ဟေး “မင်း စသဖြင့် ခေါ်ဝေါ်ခြင်းမှာ ရိုင်းသည့်အပြုအမူအသွင် ရောက်သောကြောင့် အောက်တိုဘာ ၂၈ ရက်မှစ၍ အသစ်ရောက်ရှိလာသည့် မြန်မာအလုပ်သမားများအား အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ချိန်တွင် နာမည်ကတ်ပြားများ တပ်ဆင်စေမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၈ ရက်က ကုန်ထုတ်လုပ်သားသစ် ၁၅၂ ဦး၊ မတ် ၂၇ ရက်က စိုက်/မွေး၊ ဆောက်လုပ်ရေးနှင့် ကုန်ထုတ်လုပ်သားသစ် စုစုပေါင်း ၁၄၁ ဦး၊ မတ် ၂၀ ရက်က ကုန်ထုတ်လုပ်သားသစ် ၁၄၁ ဦး၊ မတ် ၆ ရက်က ကုန်ထုတ်လုပ်သားသစ် ၁၄၁ ဦး သွားရောက်ခဲ့ပြီး အင်ချွန်းလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က ကုန်ထုတ်လုပ်သားသစ် ၂၆၇ ဦးနှင့် ဖေဖော်ဝါရီ ၁၄ ရက်က ကုန်ထုတ်လုပ်သားသစ် ၁၅၂ ဦး၊ ဇန်နဝါရီ ၃၁ ရက်က ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့်စေလွှတ်သော ကုန်ထုတ်လုပ်သားသစ် ၁၅၂ ဦးနှင့် ဇန်နဝါရီ ၁၀ ရက်က ကုန်ထုတ်လုပ်သားသစ် ၁၅၁ ဦးသည် အင်ချွန်းလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်အတွင်းကလည်း ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် သွားရောက်လုပ်ကိုင်သည့် မြန်မာအလုပ်သမား ခြောက်ထောင်ကျော် (၆၂၄၆ ဦး) ရှိကြောင်း သိရသည်။

Most Read

Most Recent