■ အာဆီယံကခွင့်ပြုပါက မြန်မာ့တပ်မတော်နှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ သွားရောက်လိုပြီး တပ်မတော်တွင် အာဏာတော်တော်များများရှိကြောင်းနှင့် တည်ငြိမ်မှုဆီ ရှေးí ှုသည့် လမ်းပြမြေပုံတစ်ခုရှာရမည်ဖြစ်ကြောင်း တီမောနိုင်ငံသမ္မတ ပြောကြား

■ အာဆီယံကခွင့်ပြုပါက မြန်မာ့တပ်မတော်နှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ သွားရောက်လိုပြီး တပ်မတော်တွင် အာဏာတော်တော်များများရှိကြောင်းနှင့် တည်ငြိမ်မှုဆီ ရှေးí ှုသည့် လမ်းပြမြေပုံတစ်ခုရှာရမည်ဖြစ်ကြောင်း တီမောနိုင်ငံသမ္မတ ပြောကြား
Published 29 October 2025

အာဆီယံကခွင့်ပြုပါက မြန်မာ့တပ်မတော်နှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ သွားရောက်လိုပြီး တပ်မတော်တွင် အာဏာတော်တော်များများရှိကြောင်းနှင့် တည်ငြိမ်မှုဆီ ရှေးíှုသည့် လမ်းပြမြေပုံတစ်ခုရှာရမည်ဖြစ်ကြောင်း တီမောလက်စတေနိုင်ငံသမ္မတ ဟိုဆေးရာမို့စ်ဟော်တာက ပြောကြားသည်။

BBC သတင်းဌာနနှင့် တီမောလက်စတေနိုင်ငံသမ္မတ ဟိုဆေးရာမို့စ်ဟော်တာ၏ သီးသန့်တွေ့ဆုံမှုတွင် ၎င်းက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

တီမောလက်စတေ သမ္မတက “တကယ်လို့ အာဆီယံဥက္ကဋ္ဌကနေ၊ အတွင်းရေးမှူးချုပ်ကနေ လုပ်ပါလို့ ပြောလာရင် တပ်မတော်နဲ့ စကားပြောဖို့ ကျွန်တော်မြန်မာနိုင်ငံကို သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ တပ်မတော်မှာ အာဏာတော်တော်များများရှိပါတယ်။ အန္တရာယ်ပေးနိုင်တဲ့ အာဏာရှိသလို အန္တရာယ်ပေးနေတာကို ရပ်တန့်ပေးမယ့် အာဏာရှိပါတယ်။ ဒါကြောင့် သူတို့နဲ့ စကားပြောဖို့ လိုပါတယ်။ တည်ငြိမ်မှုဆီရှေးရှုတဲ့ လမ်းပြမြေပုံတစ်ခုရှာရမယ်။ အားလုံးကြားက နိုင်ငံရေးသဘောတူညီချက် အသစ်တစ်ခုပေါ့။ ဒါကပြီးပြည့်စုံဖို့ မလိုပါဘူး” ဟု ပြောကြားသည်။

ထို့ပြင် ပြီးပြည့်စုံသည့် ဒီမိုကရေစီကို မမျှော်လင့်ရန်နှင့် ယင်းအခြေအနေမျိုးမရှိကြောင်း၊ ပြီးပြည့်စုံသည့် ဒီမိုကရေစီဆိုသည်မှာ မိမိ၏ မိုးကုတ်စက်ဝိုင်းတွင် ရှိချင်ရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပြဿနာကတော့ အဲဒီမိုးကုတ်စက်ဝိုင်းဆီ ကိုယ်လမ်းလျှောက်သွားလေလေ အဲဒီနေရာ မရောက်နိုင်လေလေဖြစ်တာပါပဲ။ ဘုံသဘောတူညီချက်ငါးရပ်ကို ကျွန်တော် သဘောတူသလို ဒါက သိပ်ကောင်းတဲ့ စာတမ်းပါ။ ကြည့်လိုက်ပါ၊ ဒီထက်ကောင်းအောင် ထပ်မလုပ်နိုင်တော့ဘူး။ ဒါပေမဲ့ ဒါတွေက မျှော်လင့်ချက်တွေ၊ ဖြစ်လာရင် ကောင်းမယ်ဆိုတဲ့ အချက်တွေ။ ဒါပေမဲ့ ဒါတွေက တကယ်တမ်းအောင်မြင်မယ်။ ဖြစ်လာနိုင်တယ်ဆိုတာမျိုး ဟုတ်ချင်မှ ဟုတ်မှာပါ”ဟု တီမောလက်စတေသမ္မတ ဟိုဆေးရာမို့စ်ဟော်တာက ပြောကြားသည်။

တီမောလက်စတေနိုင်ငံသည် အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်ရရှိရေးကြိုးပမ်းနေချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းတွင် NUG အဖွဲ့နှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ခဲ့ရာ မြန်မာအစိုးရကလည်း ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံး ယာယီတာဝန်ခံကို ၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်တွင် မြန်မာနိုင်ငံမှ ထွက်ခွာစေခဲ့သည့်အပြင် အာဆီယံတွင် တီမောလက်စတေနိုင်ငံ၏ အဖွဲ့ဝင်အဖြစ်ဝင်ရောက်မှုကို သဘောမတူဘဲ ဆက်လက်ကန့်ကွက်ထားခဲ့သည်။

ထို့နောက် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း တီမောလက်စတေသံရုံး ယာယီတာဝန်ခံသည် မြန်မာနိုင်ငံသို့ လာရောက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအား လာရောက်တွေ့ဆုံကာ မြန်မာအစိုးရနှင့် ပြန်လည်ထိတွေ့ဆက်ဆံခဲ့ပြီး စက်တင်ဘာလအတွင်း နေပြည်တော်တွင် မြန်မာ-တီမော နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ဦးဆောင်၍ ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ယင်းနောက် မလေးရှားနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ကျင်းပပြီးစီးခဲ့သည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံ၏ သဘောတူညီမှုဖြင့် တီမောလက်စတေနိုင်ငံကို အာဆီယံ၏ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် အာဆီယံက တရားဝင်လက်မှတ်ရေးထိုး ဝင်ရောက်ခွင့်ပြုခဲ့သည်။

 

Most Read

Most Recent