မြန်မာစံတော်ချိန် ဒီဇင်ဘာ ၇ ရက်ကျင်းပမယ့် UFC-323  ပြိုင်ပွဲမှာ မြန်မာဖိုက်တာ ဂျိုရှူအာဗန်ရဲ့ ချန်ပီယံစိန်ခေါ်ပွဲ ပါဝင်မယ်

မြန်မာစံတော်ချိန် ဒီဇင်ဘာ ၇ ရက်ကျင်းပမယ့် UFC-323  ပြိုင်ပွဲမှာ မြန်မာဖိုက်တာ ဂျိုရှူအာဗန်ရဲ့ ချန်ပီယံစိန်ခေါ်ပွဲ ပါဝင်မယ်
Photo: UFC
Photo: UFC
Published 17 October 2025

မြန်မာစံတော်ချိန် ဒီဇင်ဘာ ၇ ရက် ကျင်းပမယ့် UFC-323 ပြိုင်ပွဲမှာ မြန်မာဖိုက်တာ ဂျိုရှူအာဗန်ရဲ့ ချန်ပီယံစိန်ခေါ်ပွဲ ပါဝင်မယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံမှာ ဒီဇင်ဘာ ၆ ရက် ညပိုင်း (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်း) ကျင်းပမယ့် UFC-323 ပြိုင်ပွဲမှာ တွဲဆိုင်းစုစုပေါင်း ၁၂ ပွဲ ပါဝင်မှာဖြစ်ပြီး ဂျိုရှူအာဗန်တွဲဆိုင်းကို Co-Main Event အဖြစ် ကျင်းပမှာဖြစ်ပါတယ်။

UFC မှာ လက်စွမ်းပြပြီး နိုင်ပွဲဆက်နေတဲ့  မြန်မာလူငယ်ဖိုက်တာ ဂျိုရှူအာဗန်ဟာ ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်စိန်ခေါ်ခွင့်ရခဲ့ခြင်းဖြစ်ပြီး လက်ရှိချန်ပီယံဖြစ်သူ ဘရာဇီးနိုင်ငံသား ပန်တိုဂျာနဲ့ ထိုးသတ်ရမှာပါ။

ဂျိုရှူအာဗန်ဟာ မြန်မာစံတော်ချိန် ဇွန် ၂၉ ရက် နံနက်ပိုင်းက ထိုးသတ်ခဲ့တဲ့ UFC-317 ပြိုင်ပွဲမှာ အမေရိကန်ဖိုက်တာ ဘရန်ဒန်ရွိုင်ဗယ်ကို အနိုင်ရပြီးနောက် ချန်ပီယံခါးပတ် စိန်ခေါ်ခွင့်ရခဲ့ခြင်းဖြစ်ပါတယ်။

ဂျိုရှူအာဗန်ဟာ ချန်ပီယံခါးပတ် စိန်ခေါ်ပွဲမတိုင်ခင် ပရော်ဖက်ရှင်နယ် MMA ကစားသမားဘဝ ၁၅ ပွဲမြောက်နိုင်ပွဲ ရယူထားနိုင်ပြီး စုစုပေါင်း ၁၇ ပွဲထိုးသတ်ရာမှာ ၁၅ ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားပါတယ်။

သူဟာ UFC မှာ ကိုးပွဲထိုးသတ်ရာ ရှစ်ပွဲအထိ နိုင်ပွဲရယူထားပြီး နောက်ဆုံးငါးပွဲဆက်တိုက် အနိုင်ရထားခြင်းဖြစ်ပါတယ်။

ဂျိုရှူအာဗန်ဟာ နောက်ဆုံးထိုးသတ်ခဲ့တဲ့ ဘရန်ဒန်ရွိုင်ဗယ်နဲ့ပွဲမှာ UFC-317 ပြိုင်ပွဲရဲ့ အကောင်းဆုံးတွဲဆိုင်း(Fight of the Night) ဆု ရရှိခဲ့ကြောင်း သိရပါတယ်။ 

Most Read

Most Recent