ဘယ်လ်ဂျီယံ နှင့် မြောက်မက်ဆီဒိုးနီးယား (မြန်မာစံတော်ချိန် စနေနံနက် ၁း၁၅ နာရီ)
အုပ်စု(J) မှာ ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ခွင့် ထိပ်ဆုံးနေရာအတွက် မြောက်မက်ဆီဒိုးနီးယားနဲ့ ဘယ်လ်ဂျီယံတို့ အပြိုင်ဖြစ်နေတယ်။ မြောက်မက်ဆီဒိုးနီးယားက တစ်ပွဲပိုနဲ့ ငါးပွဲ ကစား၊ ၁၁ မှတ်ရထားပြီး ထိပ်ဆုံးက ဦးဆောင်နေတယ်။ ဘယ်လ်ဂျီယံကတော့ လေးပွဲကစား၊ ၁၀ မှတ်နဲ့ ဖိအားပေးနေတာပါ။ ကစားသမားအင်အားချင်းယှဉ်ရင်တော့ ဘယ်လ်ဂျီယံက အပြတ်အသတ်သာပါတယ်။ ဘယ်လ်ဂျီယံအသင်း နိုင်ပွဲရယူပြီး ထိပ်ဆုံးနေရာ ရယူနိုင်မှာပါ။
ပြင်သစ် နှင့် အဇာဘိုင်ဂျန် (မြန်မာစံတော်ချိန် စနေနံနက် ၁း၁၅ နာရီ)
ပြင်သစ်အသင်းက အုပ်စု (D) မှာ နှစ်ပွဲကစား၊ ခြောက်မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေတယ်။ ဒီအုပ်စုမှာ ပြင်သစ်နဲ့ ပြိုင်ဘက်တွေအသင်းရဲ့ အဆင့်အတန်းချင်းက တော်တော်လေး ကွာခြားတာကြောင့် ခြေစစ်ပွဲအောင်ဖို့ အခက်အခဲမရှိလောက်ဘူး။ အဇာဘိုင်ဂျန်က နှစ်ပွဲ ကစား၊ တစ်မှတ်နဲ့ အောက်ဆုံးနေရာမှာ ရပ်တည်နေတဲ့အသင်းပါ။ ပြင်သစ်အိမ်ကွင်းလည်းဖြစ်လို့ ဂိုးပြတ်အနိုင်ရဦးမှာပါ။
ဂျာမနီ နှင့် လူဇင်ဘတ် (မြန်မာစံတော်ချိန် စနေနံနက် ၁း၁၅ နာရီ)
ဂျာမနီအသင်းက စံချိန်တင် သုံးပွဲဆက်ရှုံးနိမ့်မှုကို ပြီးခဲ့တဲ့ မြောက်အိုင်ယာလန်နဲ့ပွဲမှာ အဆုံးသတ်နိုင်ခဲ့တယ်။ ဂျာမနီရဲ့လူစာရင်းက တောင့်တင်းပေမဲ့ ပေါ်တူဂီ၊ ပြင်သစ်တို့လို ထိပ်သီးပြိုင်ဘက်တွေကို မယှဉ်နိုင်ဘဲ ရှုံးနိမ့်ခဲ့တာပါ။ ဒါပေမဲ့ အခုရင်ဆိုင်ရမယ့် လူဇင်ဘတ်က ဥရောပရဲ့ အားအနည်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်လို့ ဂျာမနီအတွက် အခက်အခဲမရှိပါဘူး။ ဂျာမနီအသင်း နိုင်ပွဲဆက်မှာဖြစ်ပြီး ဂိုးလည်းပြတ်လိမ့်မယ်။
အခြားပွဲများ
* ကာဇက်စတန် - လက်ချင်စတိန်း
* အိုက်စလန် - ယူကရိန်း
* ကိုဆိုဗို - ဆလိုဗေးနီးယား
*မြောက်အိုင်ယာလန် - ဆလိုဗက်ကီးယား
* ဆွီဒင် - ဆွစ်ဇာလန်















