ဗင်နီဇွဲလားနဲ့ခြေစမ်းပွဲမှာ ပါဝင်ကစားခြင်းပြု၊ မပြု မက်ဆီကိုယ်တိုင် ဆုံးဖြတ်မယ်

ဗင်နီဇွဲလားနဲ့ခြေစမ်းပွဲမှာ ပါဝင်ကစားခြင်းပြု၊ မပြု မက်ဆီကိုယ်တိုင် ဆုံးဖြတ်မယ်
Photo: X
Photo: X
Published 8 October 2025

အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် တိုုက်စစ်မှူး မက်ဆီဟာ ဗင်နီဇွဲလားအသင်းနဲ့ ယှဉ်ပြိုင်မယ့် ခြေစမ်းပွဲမှာ ပါဝင်ကစားခြင်းပြု၊ မပြုကို ကိုယ်တိုင်ဆုံးဖြတ်မယ်လို့ သိရပါတယ်။

အာဂျင်တီးနားအသင်းဟာ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပြီးဆုံးသွားပြီဖြစ်တာကြောင့် ဒီလနိုင်ငံတကာရက်သတ္တပတ်မှာ ခြေစမ်းပွဲတွေသာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး အောက်တိုဘာ(၁၀)မှာ ဗင်နီဇွဲလား၊ အောက်တိုဘာ(၁၃)မှာ ပူအာတိုရီကိုအသင်းတွေနဲ့ အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်ကစားသွားမှာပါ။

လက်ရှိအချိန်မှာ အင်တာမိုင်ယာမီအသင်းဟာ ပွဲတွေဆက်တိုက်ကစားနေရပြီး မက်ဆီအနေနဲ့ (၂၁)ရက်အတွင်း (၇)ပွဲကစားရမယ့်အနေအထား ဖြစ်နေသလို၊ အတ္တလန်တာယူနိုက်တက်နဲ့ပွဲကိုလည်း အောက်တိုဘာ(၁၁)မှာ ကစားရမှာဖြစ်တာကြောင့် ဗင်နီဇွဲလားနဲ့ပွဲမှာ ပါဝင်ကစားဖို့ အခက်တွေ့နေကြောင်း သိရပါတယ်။ 

အာဂျင်တီးနားလက်ရွေးစင်အသင်းနည်းပြ စကာလိုနီကတော့မက်ဆီအပါအဝင် ကစားသမားအားလုံးနဲ့ ဆွေးနွေးသွားမှာဖြစ်ကြောင်းနဲ့ ကြံ့ခိုင်မှုမပြည့်ဝတဲ့ ကစားသမားကို စွန့်စားအသုံးပြုမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လာမယ့်ပွဲတွေမှာ ကစားသမားသစ်တွေကို ကြည့်ရှုဖို့ ကြိုးစားသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Most Read

Most Recent