ရန်ကုန်တိုင်းအတွင်း သီတင်းကျွတ်ကာလ၌ ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များကို ရောင်းချ၊ ဖြန့်ဖြူး၊ ပစ်ဖောက်ခြင်းများ မပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါက အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း သီတင်းကျွတ်ကာလတွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များ ကို ထုတ်လုပ်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများ မရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတိပေးနှိုးဆော်ချက်များ နှစ်စဉ်ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ သီတင်း ကျွတ်ပွဲတော်ကာလတွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များ ကို ပစ်ဖောက်မှုများကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေခြင်း၊ မသမာသူများမှ ရပ်ရွာအေးချမ်းသာယာရေးနှင့်လုံခြုံရေးကို ထိခိုက် အောင် ပြုလုပ်လာနိုင်ခြင်းတို့ကြောင့် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး (ရှူးဒိုင်း)များကို ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများ မပြုလုပ်ကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။














