■ သောင်းကျန်းသူများ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဂုတ်ထိပ်တံတား ပြုပြင်ခြင်းလုပ်ငန်းများနှင့် တံတားလုံခြုံရေးအတွက် လိုအပ်သည်များကို စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

■ သောင်းကျန်းသူများ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဂုတ်ထိပ်တံတား ပြုပြင်ခြင်းလုပ်ငန်းများနှင့် တံတားလုံခြုံရေးအတွက် လိုအပ်သည်များကို စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား
Published 2 October 2025

■ ပြင်ဦးလွင်-ဂုတ်ထိပ်-နောင်ပိန် ရထားလမ်းပိုင်း၌ ပြည်တွင်း/ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် ကျောက်မီးသွေးသုံး မီးရထားစက်ခေါင်းများ အသုံးပြု၍ ပြေးဆွဲနိုင်ရေး ဆောင်ရွက် သွားရန်လိုဟုဆို

သောင်းကျန်းသူများ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဂုတ်ထိပ်တံတား ပြုပြင်ခြင်းလုပ်ငန်းများနှင့် တံတားလုံခြုံရေးအတွက် လိုအပ်သည်များကို စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။

ယနေ့(အောက်တိုဘာ ၂ ရက်) ညနေပိုင်းတွင် ပြင်ဦးလွင်ဘူတာကြီးနှင့် သုမင်္ဂလာဈေး(ညံတောဈေး) ၆ ထပ် အဆင့်မြင့် ဈေးသစ်တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ မန္တလေး-လားရှိုး ရထားလမ်းပိုင်းရှိ ပြင်ဦးလွင်- နောင်ချို-ဂုတ်ထိပ်-ကျောက်မဲ ရထားလမ်းပိုင်းအား ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် သောင်းကျန်းသူများ၏ မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် ပျက်စီးခဲ့သည့် ဂုတ်ထိပ်-နောင်ပိန်ကြား ဂုတ်ထိပ်တံတားတိုင်အမှတ်(၁၆)နှင့် ကမ်းကပ်ခုံအမှတ်(၂) အကြား ထိခိုက်ပျက်စီးမှုအား ရှေးမူလပုံစံပါအတိုင်း သံဘောင်အသစ် အစားထိုးပြင်ဆင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများအား တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လမ်းညွှန်မှာကြားရာတွင် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

သောင်းကျန်းသူများ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဂုတ်ထိပ်တံတားပြုပြင်ခြင်း လုပ်ငန်းများနှင့် တံတား လုံခြုံရေးအတွက် လိုအပ်သည်များကိုလည်း စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ ရထားလမ်းပိုင်းများအလိုက် ပြန်လည်ပြုပြင် ဆောင်ရွက်ခြင်း များဆောင်ရွက်ရာတွင်လည်း မီးရထားများ လုံခြုံချောမွေ့စွာဖြင့် ပြေးဆွဲနိုင်ရေး စနစ် တကျတွက်ချက်ဆောင်ရွက်ရန်လိုကြောင်း၊ ရထားလမ်းအတွက်လိုအပ်သည့်ကျောက်များ ကိုလည်း သတ်မှတ်ချက်နှင့်အညီ ထည့်သွင်းဆောင်ရွက်ရန်လိုကြောင်း၊ ရထားလမ်းပိုင်း တစ်လျှောက်ရှိ တံတားများ၏ ကြံ့ခိုင်ရေးကိုလည်း ပြန်လည်စစ်ဆေးပြီး လိုအပ်သည့် ပြုပြင်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်သွားရန်လိုကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။

ရထားလမ်းပိုင်း ပြန်လည်ဖွင့်လှစ်ချိန်တွင် ရထားများ အဆင်ပြေချောမွေ့စွာဖြင့် ပြေးဆွဲဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြင်ဦးလွင်-ဂုတ်ထိပ်-နောင်ပိန် ရထားလမ်းပိုင်း၌ ပြည်တွင်း/ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် ကျောက်မီးသွေးသုံးမီးရထားစက်ခေါင်းများ အသုံးပြု၍ပြေးဆွဲနိုင်ရေး ဆောင်ရွက် သွားရန်လိုကြောင်း၊ ယခုကျရောက်မည့် သီတင်းကျွတ်ကာလ အများပြည်သူရုံးပိတ်ရက် များတွင် ရန်ကုန်- နေပြည်တော်-မန္တလေး လူစီးရထားများ ထပ်မံတိုးချဲ့ပြေးဆွဲသွားရန် လိုအပ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။

ထို့နောက် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့၊ သုမင်္ဂလာဈေး(ညံတောဈေး) ၆ ထပ် အဆင့်မြင့် ဈေးသစ်တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ယခုအဆင့်မြင့်ဈေးသစ်တည်ဆောက်စေခြင်းသည် ပြင်ဦးလွင်မြို့၏ လူနေမှုထူထပ်လာမှုများ၊ ခရီးသွားလာမှု များပြားလာမှုများနှင့် ကိုက်ညီသည့် အဆင့်မီဈေးတစ်ခုဖြစ်ပေါ်လာစေရန်နှင့် ဒေသထွက်နှင့် အခြေခံသုံးကုန် ပစ္စည်းများကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်းရရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်ကိုက်ညီသည့် အဆင့်မြင့်ဈေးဖြစ် ပေါ်လာစေရေး ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်း များအားလုံးပြီးစီးပါက ဈေးဆိုင်ခန်းများ စနစ်တကျဖြစ်စေရေးအတွက်လည်း ကြပ်မတ် ဆောင်ရွက်သွားရန်လိုပြီး သန့်ရှင်းမှုရှိစေရေးကို အလေးထားဆောင်ရွက်သွားရန်နှင့် ရေ/မီးစနစ်များ စနစ်တကျရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent