ကျောက်ဆည်မြို့ သီတင်းကျွတ်ဆင်လှူပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲ အခမ်းအနား ကျင်းပမည််

ကျောက်ဆည်မြို့ သီတင်းကျွတ်ဆင်လှူပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲ အခမ်းအနား ကျင်းပမည််
Published 29 September 2025

ကျောက်ဆည်မြို့၊ ရွှေသာလျောင်းတောင်မြတ်စွာဘုရားကြီး၏ သီတင်းကျွတ်ဆင်အကအလှပြိုင်ပွဲ အခမ်းအနားကို ၁၃၈၇ ခုနှစ် ၊ သီတင်းကျွတ်လဆန်း ၁၄ ရက် (၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၊ ၅ ရက်)နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး၊ ဆင်လှူပွဲတော်ကို သီတင်းကျွတ်လဆန်း ၁၅ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဆင်အကအလှပြိုင်ပွဲတွင် ဘော်ကြယ်ဆင် ၃ စီး​၊ ရိုးရာအကြီးတန်းဆင် ၅ စီး၊ ရိုးရာအငယ်တန်းဆင် ၄ စီး၊ သဘာဝဆင် ၂ စီး၊ စုစုပေါင်းဆင် ၁၄ စီး ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

ကျောက်ဆည်မြို့ ဆင်အကအလှပြိုင်ပွဲတွင် ခုံဒိုင်အမှတ်(၁) (ဗဟိုခုံ)တွင် ၁။ဒွေး (ဘော်ကြယ်) ၂။ဇာနည်ဘွား (ရိုးရာအကြီးတန်း) ၃။ ပဏ် (သဘာဝဆင်) ၄။ မင်းထင်ရှား (ရိုးရာအကြီးတန်း) ၅။ ဘိုကေ (ရိုးရာအငယ်တန်း)၊ ခုံဒိုင် အမှတ် (၂) (မြို့လယ်လက်ပြတိုင်)တွင် ၁။ မြင်စိုင်းဇာနည် (ရိုးရာအကြီးတန်း) ၂။ ရွှေပြည်သာ (ရိုးရာအကြီးတန်း) ၃ ။ အောင်မြင်သူ (ဘော်ကြယ်) ၄။ အောင်ဖြိုးခန့် (ရိုးရာအငယ်တန်း) ခုံဒိုင် အမှတ် (၃) (လေးမျက်နှာဘုရားကွင်း)တွင် ၁။ ခေတ်သစ်မာန် (ဘော်ကြယ်) ၂။ ဒို့မဟာ (ရိုးရာအငယ်တန်း) ၃။ ပိတောက်မြိုင် (ရိုးရာအကြီးတန်း) ၄။ ဂရုဏာရှင် (သဘာဝဆင်) ၅ ။ ရွှေဆည်သစ် (ရိုးရာအငယ်တန်း) ထိုအမှတ်စဉ်အတိုင်း ခုံဒိုင် (၃)ခုလုံးတွင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ဒိုင်ခုံ ၃ ခုလုံးတွင် ပြိုင်ပွဲဝင်ဆင်များ မနက် ၉ နာရီတွင် စတင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဖျော်​ဖြေရေးဆင်များ၊ ဂုဏ်ပြုဆင်များ၊ တေးဂီတအဖွဲများနှင့်အတူ အဆိုတော်များဖြင့်လည်း ဖျော်ဖြေသွားမည် ဖြစ်သည်။

ဆင်လှူပွဲသည် သီတင်းကျွတ်လပြည့်နေ့တွင် တောင်ခြေမှ ရွှေဆင် ငွေဆင်များ ပြုလုပ်ပြီး တောင်ပေါ်သို့တက်ကာ တောင်ထိပ်တွင် ဘုရားအမှူးပြုသည့် သံဃာတော်ရှင်မြတ်များကို ဆွမ်းကပ် ကုသိုလ်ကောင်းမှုတွေလုပ် အမျှအတမ်းဝေကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ-သက်ထွန်းအောင်

Most Read

Most Recent