■ ထရန့်အနေဖြင့် ငြိမ်းချမ်းရေးနိုဘယ်ဆုကို အမှန်တကယ် ရယူလိုပါက ဂါဇာစစ်ပွဲကို အဆုံးသတ်ပေးရန် လိုအပ်ကြောင်း မက်ခရွန် ပြောကြား

■ ထရန့်အနေဖြင့် ငြိမ်းချမ်းရေးနိုဘယ်ဆုကို အမှန်တကယ် ရယူလိုပါက ဂါဇာစစ်ပွဲကို အဆုံးသတ်ပေးရန် လိုအပ်ကြောင်း မက်ခရွန် ပြောကြား
Published 24 September 2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် ငြိမ်းချမ်းရေးနိုဘယ်ဆုကို အမှန်တကယ်ရယူလိုပါက ဂါဇာစစ်ပွဲကို အဆုံးသတ်ပေးရန် လိုအပ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်က စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

မက်ခရွန်သည် နယူးယောက်တွင် ပြင်သစ်ရုပ်သံလိုင်းဖြစ်သည့် BFM TV နှင့် တွေ့ဆုံရာတွင်  ဂါဇာစစ်ပွဲကို အဆုံးသတ်ရေးအတွက် အစ္စရေးကို ဖိအားပေးရန် ထရန့်တွင် ဩဇာအာဏာရှိကြောင်း ပြောကြားခဲ့သည်။

"ဒါကိုလုပ်နိုင်တဲ့လူက တစ်ယောက်တည်းပဲရှိပါတယ်။ အဲဒီလူကတော့ အမေရိကန်သမ္မတ ဖြစ်ပါတယ်။ သူက ကျွန်တော်တို့ထက်ပိုပြီး လုပ်နိုင်တဲ့ အကြောင်းပြချက်လည်း ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ဂါဇာစစ်ပွဲမှာ လက်နက်တွေ မထောက်ပံ့ထားပါဘူး။ ဂါဇာမှာ စစ်ပွဲဖြစ်နိုင်တဲ့ ပစ္စည်းတွေကိုလည်း ကျွန်တော်တို့ မထောက်ပံ့ထားပါဘူး။ အမေရိကန်ကတော့ ထောက်ပံ့ပေးထားပါတယ်" ဟု မက်ခရွန်က ပြောကြားခဲ့သည်။

ထရန့်သည် စက်တင်ဘာ ၂၃ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားချိန်အတွင်း ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုသည့် အနောက်မဟာမိတ်နိုင်ငံများ၏ လှုပ်ရှားမှုများကို ငြင်းပယ်ခဲ့သည်။

"ဂါဇာမှာ စစ်ပွဲ ချက်ချင်းအဆုံးသတ်ဖို့ ကျွန်တော်တို့ လုပ်ရပါမယ်။ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုတွေကို ချက်ချင်းလုပ်ရပါမယ်" ဟု ထရန့်က အထွေထွေညီလာခံတွင် ပြောကြားခဲ့သည့် မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။

Ref: Reuters

Photos: AFP

 

Most Read

Most Recent