■ ပထမအကြိမ် မဲစာရင်းများကို စက်တင်ဘာလကုန်တွင် ကပ်ထားကြေညာမည်ဖြစ်ပြီး မဲစာရင်းတွင် မိမိအမည် ပါဝင်ခြင်းမရှိပါက ပုံစံ(၃)နှင့် တောင်းဆိုနိုင်

■ ပထမအကြိမ် မဲစာရင်းများကို စက်တင်ဘာလကုန်တွင် ကပ်ထားကြေညာမည်ဖြစ်ပြီး မဲစာရင်းတွင် မိမိအမည် ပါဝင်ခြင်းမရှိပါက ပုံစံ(၃)နှင့် တောင်းဆိုနိုင်
Published 12 September 2025

ပထမအကြိမ် မဲစာရင်းများကို စက်တင်ဘာလကုန်တွင် ကပ်ထားကြေညာမည်ဖြစ်ပြီး မဲစာရင်းတွင် မိမိအမည် ပါဝင်ခြင်းမရှိပါက ပုံစံ(၃)နှင့် တောင်းဆိုနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။

နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ စက်တင်ဘာ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေးနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲတွင် UEC အဖွဲ့ဝင် ဦးခင်မောင်ဦး က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“တစ်ယောက်မှ မထပ်အောင်၊ ဒီလိုဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်ပြီးတော့ မဲရုံအလိုက်၊ မြို့နယ်အလိုက်၊ မဲဆန္ဒနယ်အလိုက်၊ မဲစာရင်းများကို ပြုစုဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ပြီးတဲ့အခါမှာတော့ မဲစာရင်းတွေကို ကျွန်တော်တို့က အခု စက်တင်ဘာလကုန်လောက်မှာ ကပ်ထားကြေညာမှာ ဖြစ်ပါတယ်။ ပထမအကြိမ် မဲစာရင်းတွေကို စက်တင်ဘာလကုန်ပိုင်းမှာ ကပ်ထားကြေညာမှာ ဖြစ်ပါတယ်။ ဒီလို ကပ်ထားကြေညာတဲ့အချိန်မှာ မဲဆန္ဒရှင်ပြည်သူများ အနေနဲ့ လာရောက်ကြည့်ရှုပါ။ ကြည့်ရှုပြီးရင် ဒီထဲမှာလည်း ပါပါတယ်၊ မိမိအမည် မပါရင် ပုံစံ(၃)နဲ့ တောင်းဆိုပါ” ဟု ဦးခင်မောင်ဦးက ပြောကြားသည်။

ထို့အပြင် မဲစာရင်းများ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)နှင့် ကန့်ကွက်နိုင်ကြောင်း၊ မဲစာရင်းတွင် နာမည်အရေးအသား မှားယွင်းခြင်း၊ မှတ်ပုံတင်နံပတ်မှားယွင်နေခြင်းများ ရှိပါကလည်း ပုံစံ ၄(ဂ)နှင့် ပြင်ဆင်လွှာတင်ပြီး မဲစာရင်းမှန်ကန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပထမအကြိမ် (၁၄)ရက် ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးခင်မောင်ဦး က ပြောကြားသည်။

ဦးခင်မောင်ဦးက “ မဲစာရင်းက အရေးကြီးပါတယ်။ ၂၀၂၀ မှာလည်း မဲစာရင်းကိစ္စက မှားယွင်းမှု ကြီးစွာ ဖြစ်ခဲ့ပါတယ်။ မဲစာရင်းရဲ့ ၂၉ ဒသမ ၅၄ ရာခိုင်နှုန်း မဲဆန္ဒရှင် စုစုပေါင်းရဲ့ ၂၉ ဒသမ ၅၄ ရာခိုင်နှုန်း၊ စုစုပေါင်း ၁၁ သန်းကျော် မှားယွင်းခဲ့တာ ရှိပါတယ်။ ဒီတစ်ခါတော့ ဒီလိုမမှားအောင် ကျွန်တော်တို့ အစဉ်တစိုက် ဆောင်ရွက်နေပါတယ်။ အဲ့တော့ ပြည့်စုံမှန်ကန်တဲ့ မဲစာရင်းရအောင် ကျွန်တော်တို့ အခြေခံမဲဆန္ဒရှင်စာရင်းတွေကို မြေပြင်နဲ့ တိုက်ဆိုင်စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။ နောက် ရရှိတဲ့ လူဦးရေတွေကို စိစစ်ပြီးတော့ အချက်အလက်များ ပြင်ဆင်ဖြည့်သွင်းတာတွေ ဒါကို သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတွေနဲ့လည်း ဒါမြေပြင်စစ်ဆေးခြင်းတွေ၊ တိုက်ဆိုင်စစ်ဆေးခြင်းတွေလည်း ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတော်အနေနဲ့လည်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီဖွဲ့စည်းပြီးတော့ ဒါတွေကို ဆောင်ရွက်တာ ပ ဉ္စမ မူကြမ်းအထိ ရရှိပြီးဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့အပြင် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုလည်း ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက် ၁၅ ရက်အမှထိ ကောက်ယူခဲ့ပြီး ပြည့်စုံမှန်ကန်သည့် မဲစာရင်းများ ရရှိရေးအတွက် အချက်အလက် စာရင်းဇယားများကို ပုံစံအမျိုးမျိုးနှင့် ကောက်ယူတိုက်ဆိုင်စစ်ဆေးများ ကြိုတင်ဆောင်ရွက်ထားကြောင်းလည်း ဦးခင်မောင်ဦးက ပြောကြားသည်။

Most Read

Most Recent