အာဆင်နယ်အသင်းဟာ ရီးယဲလ်တိုက်စစ်ကစားသမား ရိုဒရီဂိုရဲ့အေးဂျင့်နဲ့ ဆွေးနွေးဖို့ စီစဉ်နေကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနှစ် နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်(၇)ဦး ခေါ်ယူပြီး ပေါင်သန်း(၂၅၀)ဝန်းကျင် သုံးစွဲထားပြီးဖြစ်ပေမဲ့ ရိုဒရီဂိုကို ထပ်ပြီးခေါ်ယူဖွယ်ရှိကြောင်း သိရပါတယ်။
ဘရာဇီးလ်ကစားသမား ရိုဒရီဂို(၂၄ နှစ်)ကလည်း ရီးယဲလ်အသင်းမှာ ပွဲကစားခွင့်လျော့ကျလာဖွယ်ရှိတာကြောင့် အသင်းပြောင်းရွှေ့ဖို့ စဉ်းစားနေပါတယ်။
ရိုဒရီဂိုဟာ တနင်္ဂနွေနေ့က အိုဗီယေဒိုအသင်းနဲ့ ယှဉ်ပြိုင်တဲ့ပွဲမှာ ပွဲထွက်ကစားခွင့်ရပြီး ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ လူစားလဲခံခဲ့ရတာကြောင့် ဒေါသထွက်ခဲ့ကြောင်းလည်း သိရပါတယ်။
ရီးယဲလ်အသင်းက ရိုဒရီဂိုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၉၀) အလိုရှိနေပေမဲ့ အာဆင်နယ်အသင်းက ယူရို(၇၈)သန်းနဲ့ ကမ်းလှမ်းထားပြီး အပြောင်းအရွှေ့ဖြစ်မြောက်နိုင်ဖွယ်ရှိကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။















