ဒူးဒဏ်ရာရနေတဲ့ စပါးကစားသမား ကူလူဆက်ဗ်စကီး လာမယ့်နှစ်မှ ပြန်ကစားနိုင်မယ်

ဒူးဒဏ်ရာရနေတဲ့ စပါးကစားသမား ကူလူဆက်ဗ်စကီး လာမယ့်နှစ်မှ ပြန်ကစားနိုင်မယ်
Photo: X
Photo: X
Published 22 August 2025

စပါးအသင်းရဲ့ တိုက်စစ်ကစားသမား ကူလူဆက်ဗ်စကီးဟာ ဒူးဒဏ်ရာ သက်သာပျောက်ကင်းခြင်းမရှိသေးတာကြောင့် လာမယ့်နှစ်မှ ပြန်ကစားနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

ဆွီဒင်ကစားသမား ကူလူဆက်ဗ်စကီးဟာ ပြီးခဲ့တဲ့မေလမှာ ဒူးဒဏ်ရာရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ဗိုလ်လုပွဲကိုလည်း လွဲချော်ခဲ့ရပါတယ်။

အဲဒီဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး ရက်သတ္တပတ်အနည်းငယ်သာ အနားယူရမယ်လို့ ခန့်မှန်းခဲ့ပေမဲ့ အခုနောက်ဆုံး စမ်းသပ်စစ်ဆေးမှုတွေအရ ဒီနှစ်အတွင်း ပြန်ကစားနိုုင်မှာမဟုတ်တော့ကြောင်း သိရပါတယ်။

ဒါကြောင့် အပြောင်းအရွှေ့စျေးကွက်မှာ ပစ်မှတ်ကစားသမားတွေကို ခေါ်ယူဖို့ အခက်တွေ့နေတဲ့ စပါးအသင်းအတွက် နောက်ထပ်ထိုးနှက်ချက်ဖြစ်ကြောင်း သုံးသပ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။

စပါးအသင်းမှာ အင်္ဂလန်ကွင်းလယ်ကစားသမား မတ်ဒီဆန်ကလည်း ဒူးအရွတ်စုတ်ပြဲတဲ့ ဒဏ်ရာကြောင့် ကာလရှည်အနားယူရဖို့ ရှိနေပါတယ်။

 

Most Read

Most Recent