မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း သြဂုတ် ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၃၂ သန်း ရောင်းချမည်ဖြစ်ပြီး ဩဂုတ်လအတွင်း လက်ရှိအချိန်အထိ ဒေါ်လာ ၆၂ သန်း ထုတ်ရောင်းထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဩဂုတ် ၅ ရက်က ဒေါ်လာ သန်း ၃၀၊ ဩဂုတ် ၁၃ ရက်က ဒေါ်လာ ၃၂ သန်း ထုတ်ရောင်းခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဇူလိုင် ၁ ရက်တွင် ဒေါ်လာ ၃၃ သန်း၊ ဇူလိုင် ၈ ရက်တွင် ဒေါ်လာသန်း ၃၀၊ ဇူလိုင် ၁၅ ရက်တွင် ဒေါ်လာ ၃၃ သန်း၊ ဇူလိုင် ၂၂ ရက်တွင် ဒေါ်လာ ၂၇ သန်း၊ ဇူလိုင် ၂၈ ရက်တွင် ဒေါ်လာသန်း ၃၀ ဖြင့် ဇူလိုင်လအတွင်း ဒေါ်လာ ၁၅၃ သန်း ထုတ်ရောင်းခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဇွန် ၆ ရက်တွင် ဒေါ်လာသန်း ၃၀၊ ၁၀ ရက်တွင် ဒေါ်လာ ၃၂ သန်း၊ ၁၇ ရက်တွင် ဒေါ်လာ ၃၃ သန်း၊ ၂၃ ရက်တွင် ဒေါ်လာ သန်း ၃၀ ဖြင့် ဇွန်လအ တွင်း ဒေါ်လာ ၁၂၅ သန်း ထုတ်ရောင်းထားသည်။
၂၀၂၅ ခုနှစ် မေလအတွင်း ရောင်းချမှုအနေဖြင့် ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်း ရှင်များအတွက် ဒေါ်လာ ၃၃ သန်းနှင့် ထိုင်းဘတ် သန်း ၂ဝဝ ရောင်းချပေးမည်ဖြစ်ကြောင်း မေ ၆ ရက်က ထုတ်ပြန်ခဲ့သည်။ မေ ၆ ရက်တွင် ယွမ် ၃ ဒသမ ၉ သိန်းကျော်၊ မေ ၇ ရက်တွင် ဒေါ်လာ ခုနစ်သိန်းကျော်၊ မေ ၈ ရက်တွင် ယွမ် ခုနစ်သိန်းကျော်၊ ဘတ် ၅ ဒသမ ၃ သန်းကျော်၊ မေ ၉ ရက်တွင် ဘတ် ၃ ဒသမ ၆ သန်းကျော်၊ မေ ၁၂ ရက်တွင် ဒေါ်လာ ရှစ်သိန်းကျော်၊ ဘတ် ၁ ဒသမ ၅ သန်းကျော်၊ မေ ၁၃ ရက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအား ဒေါ်လာ ၂၃ ဒသမ ၆၇ သန်းကျော်နှင့် ဘတ် သန်း ၅၀ ရောင်းချပေးမည်ဟု ထုတ်ပြန်ခဲ့သည်။ မေ ၁၃ ရက်တွင် ဒေါ်လာ ၁ ဒသမ ၆၂ သန်းကျော်၊ မေ ၁၄ ရက်တွင် ဘတ် ၄ ဒသမ ၃ သန်းကျော်၊ မေ ၁၅ ရက်တွင် ဒေါ်လာ တစ်သိန်းကျော်၊ ဘတ်သုံးသန်းကျော်၊ မေ ၁၆ ရက်တွင် ဒေါ်လာသုံးသိန်း၊ ဘတ် ၁၆ သိန်းကျော်၊ မေ ၁၉ ရက်တွင် ဒေါ်လာသုံးသန်းကျော်၊ မေ ၂၀ ရက်တွင် ဒေါ်လာ ၅ ဒသမ ၆ သိန်းကျော်၊ မေ ၂၁ ရက်တွင် ဒေါ်လာ ၁ ဒသမ ၂ သိန်း၊ မေ ၂၂ ရက်တွင် ဘတ် ၅ ဒသမ ၇ သန်းကျော်၊ မေ ၂၃ ရက်တွင် ယွမ် ကိုးသိန်းကျော်၊ ဘတ် နှစ်သန်းကျော်၊ မေ ၂၆ ရက်တွင် ဒေါ်လာ ၂ ဒသမ ၈ သိန်းကျော်၊ ယွမ်သုံးသိန်း၊ ဘတ် ၂ ဒသမ ၈ သန်းကျော် ၊ မေ ၂၇ ရက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအား ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဟု ထုတ်ပြန်ခဲ့သည်။ မေ ၂၈ ရက်တွင် ဘတ် ၄ ဒသမ ၃ သန်းကျော် ထုတ်ရောင်းခဲ့သည်။
၂၀၂၅ ခုနှစ် ဧပြီလအတွင်း ရောင်းချမှုအနေဖြင့် ဧပြီ ၃ ရက်က ဘတ် ၂ ဒသမ ၃၅ သန်းကျော်၊ ၄ ရက်က ယွမ်ငါးသိန်း၊ ၇ ရက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအား ဒေါ်လာ သန်း ၃၀၊ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဒေါ်လာသန်း ၄၀၊ ဘတ်ခြောက်သန်း၊ ၁၀ ရက်တွင် ဒေါ်လာ ၁ ဒသမ ၈၉ သန်းကျော်၊ ၁၆ ရက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၅၅ သန်း၊ ၂၂ ရက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်း၊ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဒေါ်လာ ၃ ဒသမ ၁၉ သိန်းကျော်နှင့် ဘတ် တစ်သိန်းကျော်၊ ၂၈ ရက်တွင် ဘတ် ငါးသန်းကျော်၊၂၉ ရက်တွင် ဘတ် ၆ ဒသမ ၄ သန်းကျော်၊ ၃၀ ရက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအား ဒေါ်လာ ၃၈ သန်း ထုတ်ရောင်းခဲ့ သည်။
၂၀၂၅ ခုနှစ် မတ်လအတွင်း ရောင်းချမှုအနေဖြင့် မတ် ၃ ရက်တွင် ဒေါ်လာ ၅၅ဝဝဝဝ၊ ယွမ်လေးသိန်း၊ ဘတ် ခြောက်သိန်းကျော်၊ မတ် ၄ ရက်တွင် ဒေါ်လာ ၂၃ သန်းနှင့် ထိုင်းဘတ် သန်း ၁၅၀၊ မတ် ၅ ရက်တွင် သွင်းကုန်လုပ်ငန်းရှင်များအား ဘတ်သန်း ၅၀ ရောင်းချပေးမည်ဟု ထုတ်ပြန်ခဲ့သည်။ မတ် ၅ ရက်တွင် ဘတ်ရှစ်သန်းကျော်၊ မတ် ၆ ရက်တွင် ဒေါ်လာ တစ်သိန်းကျော်၊ မတ် ၇ ရက်တွင် ဒေါ်လာ သုံးသိန်းကျော်နှင့် ဘတ် ၁၉ သိန်းကျော်၊ ၁၀ ရက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအား ဒေါ်လာ ၃၃ သန်းနှင့် ဘတ် သန်း ၁၅၀ ရောင်းချပေးမည်ဟု ထုတ်ပြန်ခဲ့ပြီး ဒေါ်လာ တစ်သိန်းကျော်၊ မတ် ၁၁ ရက်တွင် ဒေါ်လာ ၃၃ ဒသမ ၅ သန်းနှင့် ဘတ် ၁၅၆ ဒသမ ၄၆ သန်းကျော်၊ မတ် ၁၇ ရက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအား ဒေါ်လာ ၃၃ သန်း ရောင်းချပေးမည်ဖြစ်ကြောင်းနှင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စားသုံးဆီနှင့် အခြားကုန်စည်များ တင်သွင်းသည့်လုပ်ငန်းရှင်များအတွက် CMP လုပ်ငန်းများသို့ ဝင်ရောက်သည့် နိုင်ငံခြားငွေမှ တစ်ရက်လျှင် ပျမ်းမျှ ဒေါ်လာ ၂ ဒသမ ၂ သန်းခန့် နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။









