■ ထရန့်-ပူတင် အစည်းအဝေး မည်သည့်သဘောတူညီချက်မျှ မရရှိဘဲ အဆုံးသတ်

■ ထရန့်-ပူတင် အစည်းအဝေး မည်သည့်သဘောတူညီချက်မျှ မရရှိဘဲ အဆုံးသတ်
Published 16 August 2025

အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်တွင် ယနေ့ (ဩဂုတ် ၁၆ ရက်) ပြုလုပ်သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့၏ အစည်းအဝေးသည် ယူကရိန်းစစ်ပွဲနှင့် ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မရရှိဘဲ ပြီးဆုံးသွားခဲ့ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြခဲ့သည်။

သုံးနာရီနီးပါးကြာ ပြုလုပ်ခဲ့သည့် အဆိုပါ အစည်းအဝေးအပြီးတွင် ထရန့်နှင့် ပူတင်တို့သည် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီး မီဒီယာများက မေးခွန်းများ မမေးမြန်းမီ ထွက်ခွာသွားခဲ့ကြသည်။

အန်ကောရေ့ချ်မြို့တွင် ပြုလုပ်သည့် ထိုအစည်းအဝေးအပြီး ထရန့်က "သဘောတူညီချက် မရခင်အချိန်အထိ ဘာကိုမှ ယတိပြတ် ပြောလို့မရသေးပါဘူး" ဟု ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းနှင့် ပူတင်ကြား အစည်းအဝေးပြုလုပ်မှုတွင် တိုးတက်မှုအချို့ရှိခဲ့သည်ဟုလည်း ထရန့်က ပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

Ref:BBC

Photos: AFP

 

Most Read

Most Recent