ရိုးမားအသင်းက မန်ယူအသင်းရဲ့ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုကို ပေါင်သန်း(၂၀)နဲ့ ကမ်းလှမ်းလိုက်ကြောင်း သိရပါတယ်။
ဆန်ချိုဟာ ဒီနှစ် နွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ယူအသင်း အရောင်းစာရင်းတင်သွင်းထားတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ခေါ်ယူဖို့ စိတ်ဝင်စားတဲ့အသင်းတွေ အတော်များများရှိနေပေမဲ့ လက်ရှိအချိန်အထိတော့ အပြောင်းအရွှေ့မဖြစ်မြောက်သေးပါဘူး။
ဆန်ချိုကို တူရကီကလပ် ဘက်ဆစ်တက်အသင်းက ခေါ်ယူဖို့ ချဉ်းကပ်ခဲ့တာကိုတော့ တူရကီမှာ မကစားချင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဆန်ချိုက ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။
ရိုးမားအသင်းက ဆန်ချိုကို ပေါင်သန်း(၂၀)နဲ့ ကမ်းလှမ်းခဲ့သလို၊ တစ်ရာသီ အငှားခေါ်ယူပြီးမှ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့လည်း လိုလားနေတယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ ဆန်ချို(၂၅ နှစ်)ကို ၂၀၂၁ ခုနှစ်က ပေါင်(၇၃)သန်းနဲ့ ခေါ်ယူခဲ့ရတာဖြစ်ပေမဲ့ လက်ရှိအချိန်မှာတော့ ပေါင်သန်း(၂၀)ဝန်းကျင်နဲ့ပဲ ရောင်းထုတ်ရဖွယ်ရှိနေပြီဖြစ်ပါတယ်။















