ဘောလုံးသုံးသပ်သူအများစုက လီဗာပူးလ် ချန်ပီယံဖြစ်မယ်လို့ ခန့်မှန်းထားကြောင်း BBC ဖော်ပြ

ဘောလုံးသုံးသပ်သူအများစုက လီဗာပူးလ် ချန်ပီယံဖြစ်မယ်လို့ ခန့်မှန်းထားကြောင်း BBC ဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 15 August 2025

ဒီနေ့ည စတင်တော့မယ့် ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘောလုံးသုံးသပ်သူအများစုက လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းပဲ ချန်ပီယံဆု ထပ်မံရရှိလိမ့်မယ်လို့ ခန့်မှန်းထားကြောင်း BBC က ဖော်ပြခဲ့ပါတယ်။

BBC က ပရီးမီးယားလိဂ်ရာသီသစ်အတွက် ဘောလုံးသုံးသပ်သူတွေဆီက ထင်မြင်ချက်တောင်းခံခဲ့ရာမှာ လီဗာပူးလ်ကို ရွေးချယ်သူက အများဆုံးဖြစ်ခဲ့တာပါ။

ဘောလုံးသုံးသပ်သူတွေက ထိပ်ဆုံး(၄)နေရာ ရပ်တည်နိုင်မယ့်အသင်းတွေကို ခန့်မှန်းပေးရတာဖြစ်ပြီး ပထမနေရာအတွက် ရွေးချယ်ခံရတဲ့အသင်းကို (၄)မှတ်၊ ဒုတိယနေရာအတွက် ရွေးချယ်ခံရတဲ့အသင်းကို (၃)မှတ်၊ တတိယနေရာအတွက် ရွေးချယ်ခံရတဲ့အသင်းကို (၂)မှတ်၊ စတုတ္ထနေရာအတွက် ရွေးချယ်ခံရတဲ့အသင်းကို (၁)မှတ်နဲ့ တွက်ချက်ခဲ့ရာမှာ လီဗာပူးလ်က (၁၂၁)မှတ်နဲ့ အများဆုံးရရှိခဲ့ပြီး အာဆင်နယ်က အမှတ်(၉၀)၊ မန်စီးတီးက (၈၃)မှတ်၊ ချယ်လ်ဆီးက (၄၆)မှတ် ရရှိခဲ့ကြောင်း သိရပါတယ်။

ဒီခန့်မှန်းမှုက Opta ရဲ့ စူပါကွန်ပျူတာနဲ့ AI တို့လည်း ပါဝင်ခဲ့ပြီး အားလုံးရဲ့ ခန့်မှန်းမှုမှာ ဒီအသင်း(၄)သင်းကလွဲရင် တခြားအသင်း ထိပ်ဆုံး(၄)သင်းစာရင်းထဲ မပါရှိခဲ့ပါဘူး။ 

၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဒီနေ့ညမှာ လီဗာပူးလ် - ဘုန်းမောက်ပွဲနဲ့ စတင်ဖွင့်လှစ်မှာဖြစ်ပြီး ၂၀၂၆ မေ (၂၄)မှာ ပြိုင်ပွဲ အဆုံးသတ်မှာပါ။

Most Read

Most Recent