တက္ကသိုလ်ဝင်တန်း ဘာသာရပ်အမှတ်များ ထုတ်ပေးမှု ခေတ္တရပ်ဆိုင်းထား

တက္ကသိုလ်ဝင်တန်း ဘာသာရပ်အမှတ်များ ထုတ်ပေးမှု ခေတ္တရပ်ဆိုင်းထား
Published 4 August 2025

​​​​​​​တက္ကသိုလ်ဝင်တန်းဘာသာရပ်အမှတ်များ ထုတ်ပေးမှု ခေတ္တရပ်ဆိုင်းထားကြောင်း သွားရောက်ထုတ်ယူခဲ့သူအချို့၏ ပြောကြားချက်အရ သိရသည်။

သြဂုတ် ၄ ရက်တွင် အမှတ်စာရင်းများကို ထုတ်ပေးမှု ခေတ္တရပ်ဆိုင်းထားခြင်းဖြစ်ပြီး မည်သည့်အချိန်တွင် ပြန်လည်ထုတ်ပေးမည်ဆိုသည်ကို မသိရှိရသေးကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး Eleven Media ၏ စုံစမ်းချက်အရ အမှတ်စာရင်းထုတ်ပေးခြင်းကို ရပ်ဆိုင်းထားမှု မှန်ကန်ကြောင်းသိရပြီး ခေတ္တရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူအချို့ အမှတ်စာရင်းထုတ်ယူရာတွင် စာမေးပွဲကျရှုံးသည့်ဖြစ်စဉ်များ လူမှုကွန်ရက်စာမျက်နှာအချို့တွင် ရေးသားမှုများအရ သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရလဒ်များကို ဇူလိုင် ၂၇ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီး အမှတ်စာရင်းများကို ဇူလိုင် ၃၀ ရက်တွင် စတင်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဇူလိုင် ၂၇ ရက် နံနက်အစောပိုင်းက တစ်နိုင်ငံလုံးအလိုက် ကြေညာခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၄၈ ဒသမ ၀၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ ၂၀၇၈၉၈ ဦးအနက် ၉၉၉၂၄ ဦး အောင်မြင်သည့်အတွက် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဖြေဆိုသူ ရှစ်သောင်းခန့် များပြားသော်လည်း အောင်ချက်ရာခိုင်နှုန်းမှာ ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူပေါင်း ၁၂၈၈၂၀ ဦးရှိပြီး အောင်မြင်သူပေါင်း ၇၄၅၉၂ ဦးရှိကာ အောင်မြင်မှုရာခိုင်နှုန်း ၅၇ ဒသမ ၉၀ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent