၀ါရင့်တိုက်စစ်မှူး အန်တိုနီယိုနဲ့ လမ်းခွဲဖို့ ဝက်စ်ဟမ်းအသင်း ဆုံးဖြတ်

၀ါရင့်တိုက်စစ်မှူး အန်တိုနီယိုနဲ့ လမ်းခွဲဖို့ ဝက်စ်ဟမ်းအသင်း ဆုံးဖြတ်
Photo: X
Photo: X
Published 3 August 2025

ဝက်စ်ဟမ်းအသင်းဟာ အသက်(၃၅)နှစ်ရှိပြီဖြစ်တဲ့ ၀ါရင့်တိုက်စစ်မှူး အန်တိုနီယိုနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပြီလို့ သိရပါတယ်။

ဂျမေကာလက်ရွေးစင်တိုက်စစ်မှူး အန်တိုနီယိုဟာ ၂၀၁၅ ခုနှစ်ကတည်းက ဝက်စ်ဟမ်းအသင်းမှာ ကစားခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ(၃၀)ရက်နေ့မှာ စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့တာပါ။

သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ နှစ်ဦးနှစ်ဖက် ဆွေးနွေးခဲ့ကြပေမဲ့ အဆင်မပြေခဲ့တာကြောင့် ဝက်စ်ဟမ်းအသင်းက လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး နည်းပြ ဂရေဟမ်ပေါ်တာကလည်း အနာဂတ်စီမံကိန်းမှာ အန်တိုနီယို မပါဝင်ဘူးလို့ အတည်ပြုခဲ့ပါတယ်။

အန်တိုနီယိုဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဝက်စ်ဟမ်းအသင်းအတွက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် (၆၈)ဂိုးနဲ့ စံချိန်တင်ထားသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာတော့ ကားမတော်တဆဖြစ်တာကြောင့် ကာလရှည်အနားယူခဲ့ရပါတယ်။

အန်တိုနီယိုက သူ့ကို ထိပ်တန်းလိဂ်တွေက ကလပ်အသင်းများစွာ ကမ်းလှမ်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။

Most Read

Most Recent