နယူးကာဆယ်အသင်းဟာ လိုက်ပ်ဇစ်အသင်းက ဆလိုဗေးနီးယားတိုက်စစ်မှူး ရှက်ရှကိုကို ယူရိုသန်း(၈၀)နဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရကြောင်း သိရပါတယ်။
နယူးကာဆယ်အသင်းဟာ ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်ကို ဆုံးရှုံးရဖွယ်ရှိနေတာကြောင့် ရှက်ရှကိုကို ခေါ်ယူအစားထိုးဖို့ စီစဉ်တာဖြစ်ပြီး ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းခဲ့တာပါ။
ရှက်ရှကိုကို မန်ယူအသင်းကလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ကမ်းလှမ်းမှုတော့ မလုပ်ရသေးဘူးလို့ သိရပါတယ်။
လိုက်ပ်ဇစ်အသင်းက ရှက်ရှကိုကို ၂၀၂၃ နွေရာသီမှာ ယူရို(၂၄)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပေမဲ့ လက်ရှိအချိန်မှာ ဥရောပထိပ်သီးအသင်းများစွာ ခေါ်ယူလိုတဲ့ကစားသမား ဖြစ်နေတာကြောင့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးရရှိဖို့ လိုလားနေကြောင်း သိရပါတယ်။
နယူးကာဆယ်အသင်းဟာ အီဆက်ခ်အတွက် လီဗာပူးလ်အသင်းရဲ့ ပေါင်သန်း(၁၁၀)နဲ့ ပထမအ ကြိမ်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပေမဲ့ ရှက်ရှကိုကို ခေါ်ယူဖို့ ကြိုးပမ်းလာတာကြောင့် အီဆက်ခ်ကို ရောင်းထုတ်မယ့်အလားအလာဖြစ်ကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။















