သြစတြေးလျဘောလုံးအဖွဲ့ချုပ်(FFA) ဟာ ၂၀၂၅ အာဆီယံအမျိုးသမီး ချန်ပီယံ ရှစ်ပြိုင်ပွဲကို သြစတြေးလျ ယူ-၂၃ အမျိုးသမီးအသင်းကိုသာ စေလွှတ်ယှဉ်ပြိုင်မယ်လို့ တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။
သြစတြေးလျဘောလုံးအဖွဲ့ချုပ်(FFA) ရဲ့ အမှုဆောင်အရာရှိချုပ်(CEO) ဖြစ်သူ ဟီသာဂါးရော့သ်က "ကျွန်တော်တို့နဲ့ အာဆီယံဘောလုံးအဖွဲ့ချုပ်ကြား ညှိနှိုင်းထားပြီးပါပြီ။ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲဆိုတာ ဂုဏ်သိက္ခာကြီးတဲ့ပြိုင်ပွဲပါ။ ကျွန်တော်တို့ကလည်း အာရှနဲ့ အာဆီယံရဲ့ အား ကစားလှုပ်ရှားမှုတွေမှာ ပါဝင်ချင်ပါတယ်။ ဒီပြိုင်ပွဲကို ယူ-၂၃ အမျိုးသမီးအသင်းကို စေလွှတ်ရတာက ကျွန်တော်တို့အတွက် ရေရှည်အကျိုးကို မျှော်မှန်းထားလို့ပါ။ ကျွန်တော်တို့အသင်းက ဒီပြိုင်ပွဲကနေ အတွေ့အ ကြုံကောင်းတွေ အများကြီး ရလာလိမ့်မယ်လို့ ထင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
သြစတြေးလျ ယူ-၂၃ အမျိုးသမီးအသင်းဟာ ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု(B) မှာ ဖိလစ်ပိုင်၊ မြန်မာ၊ တီမောအသင်းတို့နဲ့အတူ ကျရောက်နေပါတယ်။
သြစတြေးလျ ယူ-၂၃ အမျိုးသမီးအသင်းဟာ နောက်ဆုံးကျင်းပခဲ့တဲ့ ၂၀၂၂ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုအဆင့်က တက်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း သိရပါတယ်။















