လာလီဂါဥက္ကဋ္ဌ တီဘက်စ်က လာလီဂါရာသီအဖွင့်ပွဲကို ရွှေ့ဆိုင်းပေးဖို့ ရီးယဲလ်အသင်းရဲ့ တောင်းဆိုမှုကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။
ရီးယဲလ်အသင်းရဲ့ ဂိုးသမား ကော်တိုအာက ကလပ်ကမ္ဘာ့ဖလား ကစားခဲ့ရတာကြောင့် ကစားသမားတွေ အနားယူချိန်ရရှိဖို့ လာလီဂါအဖွင့်ပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့တာပါ။
ရီးယဲလ်အသင်းဟာ ကလပ်ကမ္ဘာ့ဖလားနောက်ဆုံးပွဲကို ဇူလိုင်(၉)ရက်မှာ ကစားခဲ့ရပြီး လာလီဂါအဖွင့်ပွဲကို သြဂုတ်(၁၉)မှာ ကစားရမှာဖြစ်လို့ အနားယူချိန် (၄၁)ရက် ရရှိနေပါတယ်။
တီဘက်စ်က ရီးယဲလ်ကစားသမားတွေအနေနဲ့ အနားယူဖို့ ရက်(၂၀)အချိန်ရပြီး ရာသီကြိုလေ့ကျင့်ဖို့ (၂၁)ရက်အချိန်ရတယ်လို့ ဆိုခဲ့ပါတယ်။
''သူတို့ (၂၁)ရက် နားချိန်မရပေမဲ့ ရက်(၂၀) နားချိန် ရပါတယ်။ ချယ်လ်ဆီးနဲ့ PSG တို့အတွက်လည်း သူတို့လိဂ်တွေက ပွဲတွေ ပြောင်းပေးမှာ မဟုတ်ပါဘူး။ ဒီအကြောင်းပြချက်အတွက်နဲ့ ကျွန်တော်တို့ရဲ့ ပြက္ခဒိန်ကို အပြောင်းအလဲလုပ်သင့်တယ်လို့ ကျွန်တော် မထင်ပါဘူး။ အထူူးသဖြင့် စဉ်းစားရမှာက ဒါဟာ အဖွင့်ပွဲစဉ်ဖြစ်နေတာပါ'' လို့ တီဘက်စ်က ပြောကြားခဲ့ပါတယ်။
ရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ကလပ်ကမ္ဘာ့ဖလားအပါအဝင် ပြိုင်ပွဲစုံ (၆၈)ပွဲ ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။















