နယူးကာဆယ်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းက တောင်ပံကစားသမား အယ်လန်ဂါကို ခေါ်ယူခဲ့ပြီး အသင်းကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်ခဲ့ပါတယ်။
အယ်လန်ဂါ (၂၃ နှစ်)အတွက် နယူးကာဆယ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်း ပေးချေခဲ့ရတယ်လို့ သိရပါတယ်။
လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့ နယူးကာဆယ်အသင်းက တိုက်စစ်ပိုင်းအားဖြည့်ဖို့ ခေါ်ယူခဲ့တာပါ။
နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက အခုနွေရာသီမှာ အယ်လန်ဂါဟာ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။
အယ်လန်ဂါက ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ နော်တင်ဟမ်အတွက် ခြောက်ဂိုးသွင်းပြီး ၁၁ ဂိုး ဖန်တီးပေးခဲ့ပါတယ်။
နယူးကာဆယ်က အယ်လန်ဂါရဲ့စာချုပ်သက်တမ်းကို မထုတ်ပြန်ဘဲ ကာလရှည်ချုပ်ဆိုခဲ့တယ်လို့သာ ဖော်ပြခဲ့ပါတယ်။















