အင်းစိန်မြို့နယ်တွင် YBS ယာဉ်မှ လမ်းဖြတ်ကူးသူအမျိုးသမီးတစ်ဦးအား တိုက်မိပြီး သေဆုံး

အင်းစိန်မြို့နယ်တွင် YBS ယာဉ်မှ လမ်းဖြတ်ကူးသူအမျိုးသမီးတစ်ဦးအား တိုက်မိပြီး သေဆုံး
Published 3 July 2025

အင်းစိန်မြို့နယ်တွင် YBS ယာဉ်မှ လမ်းဖြတ်ကူးသူအမျိုးသမီးတစ်ဦးအား တိုက်မိပြီး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁ ရက် နံနက် ၇ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၃၀)ရပ်ကွက်နေ ပြည့်စုံဝင်း (၃၁ နှစ်) မောင်းနှင်လာသည့် YGN-10/5N---- YBS 15 YUTONG ခရီးသည်တင်မော်တော်ယာဉ်သည် အောက်မင်္ဂလာဒုံလမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ မောင်းနှင်လာစဉ် မဆောင်(၂)မှတ်တိုင်အကျော် DENKO ဆီဆိုင်အနီးအရောက်၌ လမ်းဖြတ်ကူးသူ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ တလုတ်တော်ကျေးရွာနေ မေသူအောင်(၂၁ နှစ်) အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် မေသူအောင်တွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးခဲ့သောကြောင့် ပြည့်စုံဝင်းအား အင်းစိန်မြို့မရဲစခန်း ယာဉ်(ပ)၂၃/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

Most Read

Most Recent