MNL League Cup ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲတွေ ဇွန် ၁၈၊ ၁၉ ရက် ကျင်းပမှာဖြစ်ပြီး လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက မြ၀တီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ကွာတားဖိုင်နယ်ပွဲတွေကို တစ်နေ့ နှစ်ပွဲနှုန်းကျင်းပမှာဖြစ်ပြီး ဇွန် ၁၈ ရက် သု၀ဏ္ဏကွင်းမှာ မြ၀တီအသင်းနဲ့ ရှမ်းယူနိုက်တက်အသင်း၊ YUSC ကွင်းမှာ Dagon Port အသင်းနဲ့ ရတနာပုံအသင်း၊ ဇွန် ၁၉ ရက် သု၀ဏ္ဏကွင်းမှာ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ဟံသာ၀တီယူနိုက်တက်အသင်း၊ YUSC ကွင်းမှာ ရခိုင်ယူနိုက်တက်အသင်းနဲ့ ဧရာ၀တီယူနိုက်တက်အသင်း ကစားမှာဖြစ်ပါတယ်။
ကွာတားဖိုင်နယ်တက်ရောက်လာတဲ့ အသင်းတွေထဲမှာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းအပါအ၀င် ရန်ကုန်ယူနိုက်တက်၊ ရခိုင်ယူနိုက်တက်နဲ့ ဟံသာ၀တီယူနိုက်တက်အသင်းတို့က အုပ်စုပွဲအားလုံး ရှုံးပွဲမရှိဘဲ တက်ရောက်လာတာဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်ပွဲတွေကို ဇွန် ၂၃၊ ၂၄ ရက်မှာ ကျင်းပမှာဖြစ်ပြီး မြ၀တီ- ရှမ်းယူနိုက်တက်ပွဲ အနိုင်ရတဲ့အသင်းက ရခိုင်ယူနိုက်တက်-ဧရာ၀တီယူနိုက်တက်ပွဲက အနိုင်ရတဲ့အသင်းနဲ့ တွေ့ဆုံမှာဖြစ်သလို၊ Dagon Port-ရတနာပုံပွဲ အနိုင်ရတဲ့အသင်းက ရန်ကုန်ယူနိုက်တက်-ဟံသာ၀တီယူနိုက်တက်ပွဲက အနိုင်ရတဲ့အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။















