အိန္ဒိယ-မြန်မာ-ထိုင်း  သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်း၏ ကလေးဝ-ယာကြီးလမ်းအပိုင်းအတွက် အိန္ဒိယနိုင်ငံက ဘိလပ်မြေများ ကူညီပေးအပ်

အိန္ဒိယ-မြန်မာ-ထိုင်း  သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်း၏ ကလေးဝ-ယာကြီးလမ်းအပိုင်းအတွက် အိန္ဒိယနိုင်ငံက ဘိလပ်မြေများ ကူညီပေးအပ်
Published 27 May 2025

အိန္ဒိယ-မြန်မာ-ထိုင်း  သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်း၏ ကလေးဝ-ယာကြီးလမ်းအပိုင်းအတွက် အိန္ဒိယနိုင်ငံ ဘိလပ်မြေများ ကူညီပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ငလျင်ပြန်လည်ထူထောင်ရေးအတွက် ကူညီဆောင်ရွက်မှုသင်္ကေတတစ်ခုအဖြစ် ဘိလပ်မြေ ၂၇၅ မက်ထရစ်တန် (MT) ကို မေ ၂၇ ရက်က ရန်ကုန်ဆိပ်ကမ်းတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur ကလွှဲပြောင်းပေးအပ်ခဲ့ပြီး ၎င်းဘိလပ်မြေ၏ တစ်စိတ်တစ်ပိုင်းကို အိန္ဒိယ - မြန်မာ - ထိုင်း  သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်း၏ ကလေးဝ-ယာကြီးလမ်းအပိုင်းအတွက် အသုံးပြုမည်ဖြစ်ကြောင်း အိန္ဒိယသံရုံး၏ ထုတ်ပြန်မှုအရ သိရသည်။

အဆိုပါ ကလေးဝ-ယာကြီး-မုံရွာလမ်းသည် လမ်းမိုင် ၁၁၅ မိုင် ရှည်လျားပြီး ယာယီသစ်သားတံတား ၁၇၄ စင်းနှင့် ရေထုတ်ပြွန် ၁၈၃ ခု ပါဝင်ကာ ၂၀၀၀ ပြည့်နှစ်တွင် စတင်ဖောက်လုပ်ခဲ့ပြီး ၂၀၀၃-၂၀၀၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်

ထို့နောက် ယာကြီး-ကလေးဝ ကားလမ်း၊  ကလေးဝ-ကျီးကုန်း-ကလေးကားလမ်းနှင့် ကလေးဝ-ကလေး- တမူး ကားလမ်းပေါ်ရှိ တံတား ၆၉ စင်းအား အိန္ဒိယနိုင်ငံ၏ ကူညီထောက်ပံ့မှု (Grant Aid) ဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ၂၀၁၈ ခုနှစ်မှ စတင်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent