ပရီးမီးယားလိဂ်ကတော့ ရာသီပြီးဆုံးခါနီး ပြိုင်ဆိုင်မှု ပြင်းထန်လာချိန်မှာ အပိုတွန်းအားတစ်ရပ် ထပ်ပြီးရရှိသွားခဲ့ပါပြီ။ လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့် (၅)နေရာအထိ ရရှိသွားခဲ့တာကြောင့်ပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲကို လက်ရှိရာသီကစပြီး အသင်း(၃၆)သင်း ပါဝင်တဲ့ပြိုင်ပွဲအဖြစ် တိုးချဲ့ ကျင်းပခဲ့ပေမဲ့ ထိပ်သီးလိဂ်တွေရဲ့ ပုံမှန်ဝင်ခွင့်ခွဲတမ်းကတော့ (၄)နေရာသာ ရရှိပါတယ်။ ၂၀၂၃-၂၄ ရာသီအထိ အင်္ဂလန်၊ စပိန်၊ အီတလီနဲ့ ဂျာမနီတို့က ဝင်ခွင့်ခွဲတမ်း(၄)နေရာ ရရှိပြီး ၂၀၂၄-၂၅ ရာသီမှာ ပြင်သစ်က (၄)နေရာ တိုးမြင့်ရရှိခဲ့တာပါ။ ဒါပေမဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က နိုင်ငံအလိုက် ဥရောပပြိုင်ပွဲစွမ်းဆောင်ရည်အပေါ် မူတည်ပြီး အမှတ်အများဆုံးရရှိတဲ့ နိုင်ငံနှစ်ခုက ကလပ်အသင်းနှစ်သင်းကို ချန်ပီယံလိဂ်မှာ ထပ်ဆောင်းယှဉ်ပြိုင်ခွင့်ပေးပါတယ်။ အခု အင်္ဂလန်က ထပ်ဆောင်းဝင်ခွင့်တစ်နေရာရရှိဖို့ သေချာသွားခဲ့ပြီဖြစ်တာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ခွင့်(၅)နေရာအထိ ရရှိသွားမှာပါ။ ဒီတော့ ပရီးမီးယားလိဂ်အဆင့်(၁)ကနေ အဆင့်(၅)နေရာအထိ အသင်း(၅)သင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာ ဖြစ်ပြီး ဒါဟာ ပရီးမီးယားလိဂ်ရဲ့ လက်ကျန်ပွဲစဉ်တွေကို လောင်စာထပ်ဖြည့်ပေးလိုက်သလို ဖြစ် သွားစေမှာ သေချာပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲကလည်း နဂိုကတည်းက ပြင်းထန်နေပြီးသားပါ။
ပရီးမီးယားလိဂ်ကတော့ ရာသီပြီးဆုံးခါနီး ပြိုင်ဆိုင်မှု ပြင်းထန်လာချိန်မှာ အပိုတွန်းအားတစ်ရပ် ထပ်ပြီးရရှိသွားခဲ့ပါပြီ။ လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့် (၅)နေရာအထိ ရရှိသွားခဲ့တာကြောင့်ပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲကို လက်ရှိရာသီကစပြီး အသင်း(၃၆)သင်း ပါဝင်တဲ့ပြိုင်ပွဲအဖြစ် တိုးချဲ့ ကျင်းပခဲ့ပေမဲ့ ထိပ်သီးလိဂ်တွေရဲ့ ပုံမှန်ဝင်ခွင့်ခွဲတမ်းကတော့ (၄)နေရာသာ ရရှိပါတယ်။ ၂၀၂၃-၂၄ ရာသီအထိ အင်္ဂလန်၊ စပိန်၊ အီတလီနဲ့ ဂျာမနီတို့က ဝင်ခွင့်ခွဲတမ်း(၄)နေရာ ရရှိပြီး ၂၀၂၄-၂၅ ရာသီမှာ ပြင်သစ်က (၄)နေရာ တိုးမြင့်ရရှိခဲ့တာပါ။ ဒါပေမဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က နိုင်ငံအလိုက် ဥရောပပြိုင်ပွဲစွမ်းဆောင်ရည်အပေါ် မူတည်ပြီး အမှတ်အများဆုံးရရှိတဲ့ နိုင်ငံနှစ်ခုက ကလပ်အသင်းနှစ်သင်းကို ချန်ပီယံလိဂ်မှာ ထပ်ဆောင်းယှဉ်ပြိုင်ခွင့်ပေးပါတယ်။ အခု အင်္ဂလန်က ထပ်ဆောင်းဝင်ခွင့်တစ်နေရာရရှိဖို့ သေချာသွားခဲ့ပြီဖြစ်တာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ခွင့်(၅)နေရာအထိ ရရှိသွားမှာပါ။ ဒီတော့ ပရီးမီးယားလိဂ်အဆင့်(၁)ကနေ အဆင့်(၅)နေရာအထိ အသင်း(၅)သင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာ ဖြစ်ပြီး ဒါဟာ ပရီးမီးယားလိဂ်ရဲ့ လက်ကျန်ပွဲစဉ်တွေကို လောင်စာထပ်ဖြည့်ပေးလိုက်သလို ဖြစ် သွားစေမှာ သေချာပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲကလည်း နဂိုကတည်းက ပြင်းထန်နေပြီးသားပါ။
အနည်းဆုံး(၅)နေရာ
ဗြိတိန်မီဒီယာတွေကတော့ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အင်္ဂလန်ကလပ်(၅)သင်း ယှဉ်ပြိုင်ခွင့်ရမယ်ဆိုတဲ့ အချက်နဲ့တင် တမ်းတိမ် ခြင်း မရှိသေးပါဘူး။ အနည်းဆုံး(၅)နေရာကနေ (၇)နေရာအထိ ယှဉ်ပြိုင်ခွင့်ရရှိနိုင်တယ်လို့ ဖော်ပြနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရပ်တည်မှုကနေ (၅)သင်း ဝင်ခွင့်ရရှိမှာဖြစ်တဲ့အပြင် ဒီရာသီ ချန်ပီယံလိဂ်ဖလားရရှိတဲ့အသင်းနဲ့ ယူရိုပါလိဂ်ဖလား ရရှိ တဲ့အသင်းတွေကလည်း ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာစီ ထပ်ရနိုင်သေးတာကြောင့်ပါပဲ။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အင်္ဂလန်ကလပ် နှစ်သင်းထဲမှာ အာဆင်နယ်က ပရီးမီးယားလိဂ်ရပ်တည်မှုကနေ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာနေပေမဲ့ အက်စတွန်ဗီလာအသင်းကတော့ ပြိုင်ဘက်များစွာနဲ့ အမှတ်လုရဖို့ ရှိနေပါတယ်။ ဒါကြောင့် အက်စတွန်ဗီလာအသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲပြီး ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ရင် လာမယ့်ရာသီမှာ လက်ရှိချန်ပီယံအဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ရရှိမှာပါ။ ဆိုလိုတာက ချန်ပီယံလိဂ်ဖလား ရရှိတဲ့အသင်းက သက်ဆိုင်ရာ လိဂ်ပြိုင်ပွဲကနေ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားပြီးသားဖြစ်မယ်ဆိုရင်တော့ ထပ်ဆောင်းဝင်ခွင့်ရရှိမှာမဟုတ်ဘဲ ပြည်တွင်းလိဂ်မှာ လွဲချော်ထားမှသာ ထပ်ဆောင်းဝင်ခွင့်ရရှိမှာပါ။ ပြီးတော့ ယူရို ပါလိဂ်မှာ မန်ယူနဲ့ စပါးတစ်သင်းသင်း ဗိုလ်စွဲခဲ့ရင်လည်း အင်္ဂလန်က ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ထပ်ရပါမယ်။ ယူရိုပါလိဂ်ချန်ပီယံကလည်း ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ရရှိပြီး မန်ယူနဲ့ စပါးနှစ်သင်းစလုံးက ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အ ဆင့်(၁၃၊ ၁၄)နေရာတွေ ရောက်ရှိနေတာကြောင့် အင်္ဂလန်နိုင်ငံအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေ ရာ ထပ်ရနိုင်ခြေ ရှိနေတာပါ။ ဒါကြောင့် ဗြိတိန်မီဒီ ယာတွေက အင်္ဂလန်နိုင်ငံအနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အနည်းဆုံးဝင်ခွင့်(၅)နေရာ ရရှိမှာဖြစ်ပြီး ဝင်ခွင့်(၇)နေရာအထိ မျှော်လင့်နိုင်စွမ်းရှိတယ်လို့ ဖော်ပြနေကြတာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အက်စတွန်ဗီလာအသင်း ဗိုလ်စွဲဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါးတယ်ဆိုပေမဲ့ စိတ်ကူးယဉ်ဆန်တယ်ပဲပြောပြော မျှော်လင့်ချက်တော့ ရှိနေတာပါပဲ။ ယူရိုပါလိဂ်မှာ မန်ယူ ဒါမှမဟုတ် စပါးအသင်း ဗိုလ်စွဲဖို့ကတော့ ဖြစ်နိုင်ခြေအများကြီး ရှိပါတယ်။ မန်ယူနဲ့ စပါးက ဒီရာသီ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့အသင်းတွေဖြစ်ပေမဲ့ ယူရိုပါလိဂ်မှာ သူတို့ ကျော်ဖြတ်ရမယ့်ပြိုင်ဘက်တွေကလည်း ဥရောပရဲ့ အလယ်အလတ်တန်းစားအဆင့်မှာသာ ရှိတာကြောင့်ပါ။ ဘာပဲဖြစ်ဖြစ် မရေရာတာတွေ ကို ထည့်မတွက်ချင်ဘူးဆိုရင်တောင် ပရီးမီးယား လိဂ်က လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင် ခွင့်(၅)နေရာ ရရှိဖို့ကတော့ သေချာသွားပါပြီ။ ဒါ ကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်အသင်းလည်း ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာရရှိဖို့ အဖြေပေါ်သွားခဲ့ပါပြီ။ အခုလိုမျိုး ချန်ပီယံလိဂ်ဝင်ခွင့် အပိုထပ်ဆောင်းတစ်နေရာ ရရှိခြင်းက အင်္ဂလန်ကလပ်အားလုံးရဲ့ ဒီရာသီ ဥရောပပြိုင်ပွဲ စွမ်းဆောင်ရည်အပေါ် မူတည်ပေမဲ့ အဖြေထွက်ခဲ့တာကတော့ အာဆင်နယ် - ရီးယဲလ်ပွဲ အပြီးမှာပါ။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ အာဆင်နယ်က ရီးယဲလ်ကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် UEFA Coefficient အမှတ်အများဆုံး နှစ်နိုင်ငံနိုင်ငံထဲမှာ ရပ်တည်နိုင်ဖို့ သေချာသွားခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အပြီးမှာ အင်္ဂလန်က UEFA Coefficient ရမှတ် (၂၄.၅၃၅)မှတ် ရရှိခဲ့ပြီး စပိန်က (၂၁.၆၇၈)မှတ်နဲ့ ဒုတိယနေရာမှာ ရှိခဲ့ပါတယ်။ သူတို့နောက်မှာ အီတလီက (၂၀.၁၈၇) မှတ်၊ ဂျာမနီက (၁၇.၉၂၁)မှတ်၊ ပေါ်တူဂီက (၁၆.၂၅၀)မှတ်၊ ပြင်သစ်က (၁၆.၂၁၄)မှတ်၊ ဘယ်လ်ဂျီယံက (၁၅. ၆၅၀)မှတ်၊ နယ်သာလန်က (၁၅.၂၅၀)မှတ်၊ ဂရိက (၁၂.၆၈၇)မှတ်၊ နော်ဝေက (၁၁.၀၆၂)မှတ် ရရှိပြီး ထိပ်ဆုံး(၁၀)နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ ဥရောပပြိုင်ပွဲ(၃)ခုမှာ ဆက်လက်ယှဉ်ပြိုင်နေတဲ့ အသင်းတွေရဲ့ အနေအထားအရ တွက်ချက်ကြည့်လိုက် ရင် တတိယနေရာမှာ ရှိနေတဲ့ အီတလီတောင် အများဆုံး (၂၄.၄၃၇)မှတ်သာ ရရှိမှာဖြစ်တာကြောင့် အင်္ဂလန်ကို မမီနိုင်တော့ပါဘူး။ ဒါကြောင့် အင်္ဂလန်က လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် အပိုထပ်ဆောင်းတစ်နေ ရာရရှိဖို့ စောစောစီးစီး သေချာသွားခဲ့တာပါ။ လတ်တလောအနေအထားအရ နောက်တစ်နေရာကိုလည်း စပိန်နိုင်ငံက ရရှိဖို့ အလားအလာများနေပါတယ်။ ဒါပေမဲ့ ဥရောပမှာ ဆက်လက် ပြိုင်ပွဲဝင်နေတဲ့ စပိန်ကလပ်(၄)သင်းက ဆိုးဆိုးရွားရွားခြေချော်ခဲ့မယ်၊ အီတလီကလပ်(၃)သင်းက ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင်တော့ အီတလီက စပိန်ကို ကျော်တက်သွားနိုင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့် အပိုထပ် ဆောင်းနှစ်နေရာကို အီတလီနဲ့ ဂျာမနီက ရရှိခဲ့ပါတယ်။
(၇)ပွဲအလို
ပရီးမီးယားလိဂ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် (၅)နေရာရရှိဖို့ သေချာသွားပြီဖြစ်တာကြောင့် တချို့အသင်းတွေအတွက်တော့ ဖိအားလျော့သွားစေခဲ့ပါတယ်။ အမှတ်ပေးဇယားဒုတိယနေရာမှာ ရှိနေတဲ့ အာဆင်နယ်လို အသင်းအတွက် အတော်လေး စိတ်အေးလက်အေး ဖြစ်သွားစေပါတယ်။ တတိယနေရာက နော်တင်ဟမ်ဖောရက်စ်အတွက်လည်း မျှော်လင့်ချက်တွေ ပိုမိုအားကောင်းသွားစေခဲ့ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်မှာ အဆင့်(၆)နေရာ ဆင်းပေးခဲ့ရတဲ့ မန်စီးတီးအတွက်လည်း သက်သာရာရသွားစေနိုင်ပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲကတော့ အပြောင်းအလဲဖြစ်မသွားပါဘူး။ ဘာကြောင့်လဲဆိုတော့ လက်ရှိအချိန်မှာ အဆင့်(၄)နေရာက အသင်းနဲ့ အဆင့်(၅)နေရာက အသင်း အမှတ်တူ ဖြစ်နေတာကြောင့်ပါ။ အဆင့်(၄)နေရာက ချယ်လ်ဆီးလည်း (၅၃)မှတ်၊ အဆင့်(၅)နေရာ က နယူးကာဆယ်လည်း (၅၃)မှတ် ရရှိထားတာပါ။ နယူးကာဆယ်က တစ်ပွဲလျော့နေတာကြောင့် အဲဒီပွဲကိုသာ အနိုင်ရခဲ့ရင်တော့ (၅၆)မှတ် ရရှိသွားမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အောက်မှာ ရှိနေတဲ့အသင်းတွေက (၅၃)မှတ်ကို ကျော်ဖြတ်နိုင်ဖို့ ပစ်မှတ် ထားနေရတဲ့ အခြေအနေချင်းကတော့ အတူတူပါပဲ။ ပရီးမီးယားလိဂ်က လက်ရှိအချိန်မှာ ပွဲစဉ် (၃၁)ပွဲ ယှဉ်ပြိုင်ပြီးခဲ့ပြီဖြစ်တာကြောင့် လက်ကျန် (၇)ပွဲသာ ကျန်ရှိပါတော့တယ်။ အဲဒီ(၇)ပွဲမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်လင့်လို့ရနေတာက (၁၀)သင်းလောက် ရှိနေပါတယ်။ အာဆင်နယ်က တတိယနေရာက နော်တင်ဟမ်ဖောရက်စ်ကို (၅)မှတ်ဖြတ်ထားပြီး အဆင့်(၆)နေရာက မန်စီးတီးကို (၁၀)မှတ်ဖြတ်ထားနိုင်တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်လုရမယ့်စာရင်းထဲက ဖယ်ထားလို့ ရနိုင်ပါပြီ။ နော်တင်ဟမ်ဖောရက်စ်ကတော့ မန်စီးတီးနဲ့ (၅)မှတ်သာကွာဟတာကြောင့် စိတ်မချရသေးပါဘူး။ လက်ကျန်ပွဲက (၇)ပွဲ ရှိနေသေးတာကြောင့် ဘာဆိုဖြစ်သွားနိုင်တဲ့ အနေအထားမှာ ရှိနေတုန်းပဲလို့ ဆိုနိုင်ပါတယ်။ လက်ရှိအမှတ်ကွာဟမှုနဲ့ လက်ကျန်ပွဲတွေကနေ ရရှိနိုင်တဲ့ အမှတ်ပမာဏအရ သင်္ချာနည်းအရတွက်ရင်တော့ ချန်ပီယံလိဂ်ဝင်ခွင့်ကို (၁၀)သင်းလောက် မျှော်လင့်လို့ ရနေပါတယ်။ ဒါပေမဲ့ အဓိကအားပြိုင်ကြရမှာကတော့ နော်တင်ဟမ်ဖောရက်စ်၊ ချယ်လ်ဆီး၊ နယူးကာဆယ်၊ မန်စီးတီးနဲ့ အက်စတွန်ဗီလာတို့ပါ။ ဒီ (၅)သင်းကြားမှာ အမှတ်ကွာဟချက် (၆)မှတ်သာ ရှိပါတယ်။ လီဗာပူးလ်နဲ့ အာဆင်နယ်အတွက် ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာစီ ဖယ်ထားလိုက်ရင် ဒီ (၅)သင်းက လက်ကျန် ချန်ပီယံလိဂ်ဝင်ခွင့် (၃)နေရာအတွက် အပြိုင်လုကြရမှာပါ။ အရင်အတိုင်း ချန်ပီယံလိဂ်ဝင်ခွင့် (၄)နေရာသာရရှိမယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲရမယ့်အသင်း (၃)သင်းရှိမှာဖြစ်ပေမဲ့ အခုတော့ (၅)သင်းထဲက (၂)သင်းသာ လွဲချော်ရတော့မှာပါ။ ဒီတော့ ပြိုင်ဆိုင်ရမယ့် အခြေအနေက ပြောင်းလဲမသွားပေမဲ့ တွန်းအားကတော့ ပြောင်းလဲသွားပါတယ်။ မျှော်လင့်ချက်က ပိုအားကောင်းလာပါတယ်။ ဖြစ်နိုင်ခြေက ပိုမြင့်တက်လာပါတယ်။ သူတို့နောက်မှာ ရှိနေတဲ့အသင်းတွေအတွက်လည်း အရင်ထက် မျှော်လင့်ခွင့်ရှိလာခဲ့ပေမဲ့ ထိပ်သီး(၃)သင်းလောက်ကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်ဖို့ဆိုတာကတော့ စိတ်ကူးယဉ်ဆန်လွန်းနေပါလိမ့်မယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ရဲ့ ရာသီအဆုံးသတ်ပန်းဝင်ခရီးမှာ ချန်ပီယံလိဂ်ဝင်ခွင့် အပြိုင်လုရမှာက လက်ရှိအဆင့်(၃)ကနေ (၇)နေရာအတွင်း ရပ်တည်နေကြတဲ့ (၅)သင်းပဲ ဖြစ်မှာပါ။