PSG - အန်ဂါစ် (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် ည ၉:၃၀ နာရီ)
လီဂူး-၁ ချန်ပီယံဆုကို ရှုံးပွဲမရှိစံချိန်နဲ့ ရယူချင်နေတဲ့ PSG အနေနဲ့ အရန်တွေနဲ့ကစားမယ်ဆိုရင်တောင် အန်ဂါစ်ကို အနိုင်ရနိုင်ပါတယ်။ PSG နဲ့ ဂိုးအများပဲ ရွေးထားချင်တယ်။
ဘရက်စ် - မိုနာကို (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် ည ၁၁:၃၀ နာရီ)
မိုနာကိုတို့ ဒုတိယနေရာကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားလာမှာဖြစ်ပေမဲ့ ဘရက်စ်ကလည်း ဥရောပဝင်ခွင့်အတွက် ကြိုးပမ်းနေတယ်။ ဘရက်စ် သရေရနိုင်ပြီး ဂိုးနည်းနိုင်တယ်။
လိုင်ယွန် - လိုင်လီ (မြန်မာစံတော်ချိန် ဧပြီလ ၆ ရက် နံနက် ၁:၃၅ နာရီ)
လိုင်ယွန်က လီဂူးအိမ်ကွင်း (၁၀) ပွဲမှာ PSG တစ်သင်း ကိုသာ ရှုံးနိမ့်ထားပြီး (၇) ပွဲအထိ အနိုင်ရထားတယ်။ ပြီးခဲ့တဲ့တစ်ပတ်က စထရာဘိုးကို ရှုံးနိမ့်ခဲ့တာက လိုင်ယွန်ရဲ့ ဥရောပဝင်ခွင့်ကို အထိနာစေပါတယ်။ လိုင်လီကလည်း လိုင်ယွန်လိုပဲ ဥရောပဝင်ခွင့်အတွက် ကြိုးပမ်းနေတဲ့ အသင်းဖြစ်လို့ ဒီပွဲက အကြိတ်အနယ်ရှိနိုင်ပြီး ကြည့်ကောင်းလာဖို့ ရှိတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ အမှတ်ရအောင် ကြိုးစားလေ့ရှိတဲ့ လိုင်ယွန်ကို အဝေးကွင်းညံ့တဲ့ လိုင်လီတို့ ပွဲချိန်ပြည့်တောင်ခံနိုင်ဖို့ မလွယ်ဘူး။ တိုက်စစ်ထက်နေတဲ့ လိုင်လီတို့ အိမ်ကွင်းမှာ အနိုင်ယူသွားဖို့ ရှိနေပြီး ဂိုးလည်း များနိုင်တယ်။















