လိုက်ပ်ဇစ် - ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် ည ၈:၀၀ နာရီ)
လိုက်ပ်ဇစ်အနေနဲ့ ဘွန်ဒစ်လီဂါနောက်ဆုံး (၁၁)ပွဲမှာ (၂) ပွဲပဲ အနိုင်ရခဲ့တဲ့အထိ ရလဒ်တွေ ကျဆင်းနေတယ်။ ဟော်ဖန်ဟင်မ်ကလည်း မထင်မှတ်တာတွေ လုပ်တတ်တယ်။ ဒါပေမဲ့ လိုက်ပ်ဇစ် ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမယ်။
ဟိုင်းဟိုင် - လေဗာကူဆင် (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် ည ၈:၀၀ နာရီ)
ဟိုင်းဟိုင်အသင်းက နောက်ဆုံး(၂)ပွဲဆက် အနိုင်ကစားပြီး တန်းဆင်းဇုန်ထဲက ရုန်းထွက်ဖို့ အခြေအနေကောင်းလာခဲ့တယ်။ လေဗာကူဆင်အသင်း ဂိုးမပြတ်လောက်လို့ အိမ်ရှင်ဘက်ကပဲ ရပ်တည်သင့်တယ်။
ဖရိုင်းဘတ် - ဒေါ့မွန် (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် ည ၈:၀၀ နာရီ)
ဒေါ့မွန်အသင်း မိန့်ဇ်အသင်းကို အနိုင်ကစားပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် ပြန်ရှင်သန်လာတယ်။ ဒါပေမဲ့ ကြားရက်မှာ ဘာစီလိုနာနဲ့ကစားရမယ့် ချန်ပီယံလိဂ်ကြောင့် ဒေါ့မွန်အသင်း အာရုံများနေနိုင်တာ သတိပြုရမယ်။ ဖရိုင်းဘတ်အသင်း ဥရောပပွဲ မရှိတော့ပေမဲ့ ဘွန်ဒစ်လီဂါ(၄)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတာ တွေ့ရတယ်။ အိမ်ရှင်အသင်း အမှတ်ရလိမ့်မယ်။
မိန့်ဇ် - ဟော်စတိုင်ကီလ် (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် ည ၈:၀၀ နာရီ)
မိန့်ဇ်အသင်း ပွဲကျပ်တွေဆက်ခဲ့လို့ နှစ်ပွဲဆက် အမှတ်လျော့ခဲ့ရတယ်။ ဒီတစ်ပွဲတော့ မိန့်ဇ်အသင်း ဂိုးပြတ်နိုင်ပွဲနဲ့ ပြန်လာနိုင်လောက်တယ်။
ဘိုဟုမ် - စတုဂတ် (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် ည ၈:၀၀ နာရီ)
ဂျာမန်ဖလားဗိုလ်လုပွဲတက်ထားတဲ့ စတုဂတ် ယုံကြည်မှုပြန်မြင့်တက်လာနိုင်တယ်။ ဒါပေမဲ့ အမှတ်ပိုလိုတဲ့ ဘိုဟုမ်နဲ့ပဲ စွန့်စားတာပိုကောင်းမယ်။
၀ါဒါဘရီမင် - ဖရန့်ဖတ် (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် ည ၁၁:၀၀ နာရီ)
ဖရန့်ဖတ်အသင်း ယူရိုပါလိဂ်ပွဲ ရှိနေတာကို ထည့်သွင်းစဉ်းစားရမယ်။ ဝါဒါဘရီမင် အိမ်ကွင်းရလဒ်မကောင်းတော့ပေမဲ့ သရေမျှော်လင့်နိုင်တယ်။















