ဒန်ဗာနက်ဂက်စ်အသင်း၏ ဆားဘီးယားဘက်စကတ်ဘောသမား နီကိုလာယိုကစ်သည် မင်နီဆိုတာတင်ဘာဝုလ်ဗ်အသင်းနှင့်ပွဲတွင် NBA သမိုင်းတစ်လျှောက် Triple-double အများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။
ဒန်ဗာနက်ဂက်စ်အသင်းမှာ ယင်းပွဲတွင် တင်ဘာဝုလ်ဗ်အသင်းအား အိမ်ကွင်း၌ (၁၃၉ -၁၄၀) မှတ် ဖြင့် ရှုံးနိမ့်သော်လည်း အသက် (၃၀) ရှိပြီဖြစ်သူ ယိုကစ်က ရမှတ် (၆၁) မှတ်၊ Rebounds (၁၀) ကြိမ်နှင့် Assists (၁၀) ကြိမ် ပြုလုပ်နိုင်ခဲ့သည်။
ယိုကစ်အနေဖြင့် ကစားသမားဘဝတစ်လျှောက် အမြင့်ဆုံးရမှတ်ရယူနိုင်ခဲ့ခြင်းဖြစ်သလို ၂၀၁၇ ခုနှစ် တွင် ယခုနက်ဂက်စ်အသင်းဖော် ရပ်ဆဲလ်ဝက်စ်ဘရွတ် တင်ရှိခဲ့သည့် ရမှတ် (၅၇) မှတ်၊ Rebounds (၁၃) ကြိမ်၊ Assists (၁၁) ကြိမ် စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယိုကစ်သည် ၂၀၂၃ ခုနှစ်တွင် NBA ချန်ပီယံဆု ရရှိထားခဲ့ပြီး ယင်း ရာသီကလည်း တစ်ရာသီလုံးတွင် Triple-double (၂၉) ကြိမ်အထိ ရယူနိုင်ခဲ့ပြီး ယင်းရာသီကလည်း စံချိန်တင်ခဲ့ကြောင်း သိရသည်။















