■ အာရူဟိုကို ခေါ်ယူရန် အသင်းတာဝန်ရှိသူများကို လီဗာပူးလ်နည်းပြ အာနယ်ဆလော့ တိုက်တွန်း

■ အာရူဟိုကို ခေါ်ယူရန် အသင်းတာဝန်ရှိသူများကို လီဗာပူးလ်နည်းပြ အာနယ်ဆလော့ တိုက်တွန်း
Published 4 April 2025

လီဗာပူးလ်နည်းပြ အာနယ်ဆလော့သည် ဘာစီလိုနာအသင်းမှ ဥရုဂွေးနောက်ခံလူ အာရူဟိုကို ခေါ်ယူရန် အသင်းတာဝန်ရှိသူများအား တိုက်တွန်း ထားကြောင်း သိရသည်။ 

လီဗာပူးလ်အသင်းသည် ယခုရာသီကုန်တွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် အသင်းခေါင်းဆောင် ဗန်ဒိုက်အား လာမည့်နွေတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ဆုံးရှုံးရဖွယ်ရှိနေသည်။ 

လီဗာပူးလ်နည်းပြ အာနယ်ဆလော့က လာမည့်နွေရာသီတွင် နယ်သာလန်ဝါရင့်နောက်ခံကစားသမား ဗန်ဒိုက်အား ဆုံးရှုံးခဲ့ရပါက ၎င်း၏နေရာတွင် အစားထိုးရန် အာရူဟိုအား အလိုရှိနေခြင်းဖြစ်ကြောင်း သိရသည်။ 

အာရူဟို(၂၆ နှစ်)သည် ဘာစီလိုနာအသင်းနှင့် ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ၎င်း၏ ပြောင်းရွှေ့ကြေးတန်ဖိုးမှာ ယူရို သန်း(၆၀)ဝန်းကျင်ဖြစ်ကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် လာမည့်နွေရာသီတွင် အသင်းအဓိကနောက်ခံကစားသမား ဗန်ဒိုက်ကိုသာမက အသင်းနှင့် စာချုပ်သက်တမ်း (၁) နှစ်ကျော်သာ ကျန်ရှိတော့သည့် ကိုနာတေးကိုလည်း လက်လွှတ်ရဖွယ်ရှိနေကြောင်း သိရသည်။ 

ကိုနာတေးသည် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးခြင်းမရှိသေးဘဲ ၎င်းကို ခေါ်ယူရန် PSG အသင်းက စိတ်ဝင်စားနေကြောင်း သိရသည်။

Most Read

Most Recent