ဘာစီလိုနာ နှင့် အိုဆာဆူနာ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
ဒီပွဲက ဘရာဇီးလ်အသင်းရဲ့ ဆေးအဖွဲ့က ဒေါက်တာ ဂါစီယာ ရုတ်တရက်ကွယ်လွန်သွားခဲ့တာကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ပွဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းက နိုင်ပွဲဆက်နေတဲ့အသင်းဖြစ်ပြီး အိုဆာဆူနာကတော့ လာလီဂါနောက်ဆုံး(၅)ပွဲဆက် နိုင်ပွဲပျောက်ထားပါတယ်။ လာလီဂါပထမအကျော့ ဆုံတွေ့တုန်းကတော့ အိုဆာဆူနာအသင်းက အိမ်ကွင်းမှာ ဘာစီလိုနာအသင်းကို (၄-၂)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ အဲဒီအချက်က ဘာစီလိုနာအသင်းအတွက် ရှုံးကြွေးပြန်ဆပ်လိုစိတ်တွေ ပြင်းထန်နေစေနိုင်ပါတယ်။ ရီးယဲလ်အသင်းကို အမှတ်ဖြတ်နိုင်မယ့် အခွင့်အရေးလည်းဖြစ်တာကြောင့် ဘာစီလိုနာအသင်း အားထည့်ကစားမှာ သေချာပါတယ်။ အိမ်ကွင်းမှာ အိုဆာဆူနာကို လာလီဂါ(၄)ပွဲဆက်အနိုင်ရထားတဲ့ ဘာစီလိုနာအသင်း ဒီပွဲမှာလည်း အနိုင်ရဖို့ အလားအလာများပေမဲ့ လူမစုံနိုင်တဲ့အခြေအနေရှိနေတာကြောင့် ဂိုးပြတ်မပြတ်တော့ သတိထားဖို့ လိုပါလိမ့်မယ်။