တပ်မတော်အတွင်းမှ အရွယ်မရောက်သေးသူ ကလေးသူငယ် ၉၃ ဦးအား ပြန်လည်နုတ်ထွက်ခွင့်ပြု၍ မိဘများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) နှင့် မြန်မာနိုင်ငံ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး လုပ်ငန်းအဖွဲ့တို့၏ အစီအမံ ဖြင့် တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက် အသေးစိတ် စိစစ်နုတ်ထွက်ခွင့်ပြုလျက်ရှိရာ အသက်မပြည့် စစ်သည် ၉၃ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး အဆိုပါစစ်သည်များအား ၎င်းတို့၏ မိဘများထံသို့ ပြန်လည်လွှဲ ပြောင်းပေးအပ်ပွဲ အခမ်းအနားကို မတ် ၁၉ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ စစ်ကြောရေး နှင့် တည်းခိုရေးစခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ် ရုံး (ကြည်း)၊ စစ်ရေးချုပ်ရုံး၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် ရဲရင့်ဝင်းနှင့် တပ်မတော်အရာ ရှိကြီးများ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲ ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်ကြသော UNRCO , UNICEF , UNHCR , ILO တို့မှ တာဝန်ရှိပုဂ္ဂိုလ် များ၊ ပြန်လည်နုတ်ထွက်ခွင့်ရ အသက်မပြည့် စစ်သည် ၉၃ ဦးနှင့် ၎င်းင်းတို့၏ မိဘများ၊ အုပ် ထိန်းသူများ တက်ရောက်ကြကြောင်း သိရ သည်။
ဦးစွာ အရွယ်မရောက်သေးသူ ကလေး သူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ကိုယ် စား ဗိုလ်မှူးချုပ် ရဲရင့်ဝင်းက အမှာစကား ပြောကြားခဲ့ ကြောင်း သိရသည်။
ထို့နောက် တပ်မတော်မှ နုတ်ထွက်ခွင့်ပြု သည့် လက်မှတ်နှင့် ၁၀ နှစ် မှ ၁၈ နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တာဝန်ရှိ သူများက ပေးအပ်ခဲ့ပြီး ကလေးများအား မိဘ (သို့မဟုတ်) အုပ်ထိန်းသူတို့ထံ လွှဲပြောင်းပေး အပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ကလေးများနှင့် မိဘများကို မြန်မာနိုင်ငံ စောင့်ကြည့်လေ့လာ ရေးနှင့်အစီရင်ခံတင်ပြရေး လုပ်ငန်းအဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနတို့မှ စီစဉ်သော ကြားကာလ ပြုစုစောင့်ရှောက်ရေးစခန်းသို့ တပ်မတော်မှ ပို့ဆောင်ပေးခဲ့ပြီး ထိုစခန်းတွင် မိဘများနှင့်အဆက်အသွယ် မရရှိသေးပါက ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေး ဆေးဝါးကုသရန် လိုအပ်မှု ရှိ^မရှိ စစ်ဆေး၍ လိုအပ်က ဆေးဝါးကုသမှု ခံယူစေခြင်း၊ ကျောင်းပြန်တက်ရန် ဆန္ဒရှိပါက ကျောင်းပြန် တက်ရန်၊ ကျောင်းပြင်ပ ပညာသင်ကြားရန်၊ အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိပါက မျှတသော အလုပ်အကိုင်ရရှိနိုင်ရန် လိုအပ်သည့် ကျွမ်း ကျင်မှုများ သင်ယူရန် ဖြစ်နိုင်ခြေများ ဆန်းစစ် ခြင်းနှင့် လက်ငင်းအသုံးပြုရန် အခြေခံပစ္စည်း များ ဝေငှခြင်း၊ အိမ်အပြန် ခရီးစရိတ်နှင့် စား စရိတ် စီစဉ်ပေးခြင်းများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
ထို့အတူ မိဘများထံ လွှဲပြောင်းပေးအပ် ပွဲအခမ်းအနားများကို ရန်ကုန်မြို့၊ စစ်ကြော ရေးနှင့် တည်းခိုရေးစခန်းနှင့် မြဝတီစာပေ တိုက်ခန်းမတို့၌ ၂၀၁၂ ခုနှစ်မှ ယနေ့အထိ အခမ်းအနားဖြင့် ၁၈ ကြိမ်၊ တပ်မတော်အစီအ စဉ်ဖြင့် လေးကြိမ်၊ စုစုပေါင်း ၂၂ ကြိမ်ရှိခဲ့ပြီး စုစုပေါင်း ၁၁၅၀ ဦး လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာ ကွယ်တားဆီးရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ်၊ ဇွန် ၂၇ ရက်တွင် ၁၈ လတာ လုပ်ငန်းစီ မံချက်ကို UNCTFMR နှင့် လက်မှတ်ရေးထိုး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လုပ် ငန်းစီမံချက် သက်တမ်းအား ၂၀၁၃ ခုနှစ်၊ ဒီ ဇင်ဘာ ၂၈ ရက်တွင် ပထမအကြိမ် ၆ လ၊ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်တွင် ဒုတိယအ ကြိမ် ၆ လ သက်တမ်းတိုးမြှင့် လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။
တပ်မတော်အနေဖြင့် အရွယ်မရောက် သေးသူ ကလေးသူငယ်စစ်သည်များ တပ်မ တော်အတွင်း၌ လုံးဝမကျန်ရှိစေရန် ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အရွယ်မရောက်သေးသူ ကလေးသူငယ်များ အား လုံးဝစုဆောင်းခြင်း မပြုရန်နှင့် အ ကြောင်းအမျိုးမျိုးဖြင့် မှားယွင်းစုဆောင်းခဲ့သူ များရှိပါကလည်းအမြန်ဆုံး ထွက်ခွင့်ပြုရန် စိ စစ်ဆောင်ရွက်လျက်ရှိသည့်အပြင် တာဝန်ရှိ သူများကိုလည်း စစ်စည်းကမ်းနှင့် အညီ အ ရေးယူခဲ့ကြောင်း သိရသည်။