
အစ္စရေးက ဇန်နဝါရီ အပစ်အခတ်ရပ် စဲရေးသဘောတူညီချက် ရရှိခဲ့ပြီးနောက်ပိုင်း မတ် ၁၈ ရက်တွင် ဂါဇာကမ်းမြောင်ကို အပြင်းထန်ဆုံးတိုက်ခိုက်ခဲ့ရာ အနည်းဆုံး သေဆုံးသူ ၃၃၀ ကျော်ရှိလာခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဘင်ဂျမင်နေတန်ယာဟု၏အစိုးရသည် အပစ်အခတ်ရပ်စဲရေးကို ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်ဟု ဟားမာ့စ်က ပြောကြားခဲ့သည်။
မိမိတို့၏ ဓားစာခံများကို လွှတ်ပေးရန်ဟားမာ့စ်၏ အကြိမ်ကြိမ်ငြင်းပယ်မှု၊ အမေရိကန်သမ္မတ၏သံတမန် စတိဗ်ဝစ်ကော့ဖ်ထံမှ လက်ခံရရှိခဲ့သော အဆိုပြုချက်အားလုံးကို ဟားမာ့စ်၏ အကြိမ်ကြိမ်ငြင်းပယ်မှုတို့ရှိခဲ့ ပြီးနောက် တိုက်ခိုက်မှုများလုပ်ဆောင်ရန်အ မိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း နေတန်ယာဟု၏ ရုံးက ထုတ်ပြန်ခဲ့သည်။
စစ်ဆင်ရေးကို လိုအပ်သည့်အလျောက် ဆက်လက်လုပ်ဆောင်သွားမည်ဟု အစ္စရေးတာဝန်ရှိသူက အေအက်ဖ်ပီကို ပြောကြားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများအပြင် တိုက်ခိုက်မှုများကို တိုးချဲ့လုပ်ဆောင်ရလိမ့်မည်ဟု ဆိုသည်။
“နေတန်ယာဟုနဲ့ သူ့ရဲ့အစွန်းရောက် အစိုးရအဖွဲ့တို့ဟာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ပြောင်းပြန်လှန်ပစ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဂါဇာက အကျဉ်း သားတွေရဲ့ကံကြမ္မာကို မရေမရာဖြစ်အောင် လုပ်ဆောင်လိုက်တာဖြစ်ပါတယ်”ဟု ဟားမာ့စ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကာတာ၊ အီဂျစ်၊ အမေရိကန်ပြည်ထောင်စုတို့က ကြားဝင်ဆောင်ရွက်ပေးခဲ့သော အပစ်အခတ်ရပ်စဲရေး ကနဦးအဆင့်သည် ဇန်နဝါရီ ၁၉ ရက်တွင် စတင်အသက်ဝင်ခဲ့သောကြောင့် ၁၅ လကျော်ကြာမြင့်ခဲ့သော ဂါဇာစစ်ပွဲသည် အပစ်အခတ်ရပ်စဲသွားခဲ့သည်။
ထိုအပစ်အခတ်ရပ်စဲရေး ပထမအဆင့်သည် မတ်လစောစောပိုင်းတွင် အဆုံးသတ်ခဲ့သည်။ ယင်းသို့သောအနေအထားတွင် နှစ်ဖက်စလုံးက မီးကုန်ယမ်းကုန်စစ်ပွဲဖြစ်ပွားခြင်းကို လက်ရှောင်ခဲ့ကြသည်ဆိုသော်လည်း ၎င်းင်းတို့သည် အပစ်အခတ်ရပ်စဲရေးအတွက် နောက်အဆင့်ဆွေးနွေးမှုများနှင့်ပတ်သက်၍ သဘောတူညီမှုမရနိုင်ဘဲရှိနေခဲ့သည်။
ဂါဇာကမ်းမြောင်ရှိ ဟားမာ့စ်အဖွဲ့အစည်း၏ ပစ်မှတ်များကို ပြင်းထန်သောတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု မတ် ၁၈ ရက် စောစောပိုင်းတွင် အစ္စရေးစစ်တပ်က တယ်လီဂရမ်၌ ပို့စ်တင်ခဲ့သည်။
မတ် ၁၈ ရက်တွင် ဂါဇာကမ်းမြောင်ကို အစ္စရေး၏ ပြင်းထန်သောတိုက်ခိုက်မှုကြောင့် သေဆုံးသူစုစုပေါင်းသည် ၃၃၀ ကျော် ရှိလာသည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး သေဆုံးသူများထဲတွင် ကလေးများပါဝင်သည်ဟု ဆိုသည်။
“တိုက်ခိုက်မှုရဲ့အကျိုးဆက်ကြောင့် သေဆုံးသူ ၃၃၀ ကျော်ကို ဂါဇာကမ်းမြောင် ကဆေးရုံတွေထံ လွှဲပြောင်းပေးလိုက်ပါတယ်။ သေဆုံးသူအများစုဟာ ကလေးတွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေဖြစ်ကြပါတယ်”ဟု ဂါဇာမြို့ပြကာကွယ်ရေးအေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ မာမွတ်ဘာဆယ်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ စစ်ဆင်ရေး ဆက်လက်လုပ်နေကြောင်း၊ စစ်ရှောင် များ ခိုလှုံနေသော စာသင်ကျောင်းများနှင့် ဒုက္ခသည်စခန်းများ ထိခိုက်နေကြောင်း ၎င်းင်းက ဖြည့်စွက်ပြောကြားခဲ့သည်။ အနည်းဆုံး ၁၅၀ ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
ဂါဇာအနီးရှိ စာသင်ကျောင်းအားလုံးကို ပိတ်ထားရန် အစ္စရေးက ညွှန်ကြားခဲ့ပြီး ယခုအခါဟားမာ့စ်ကို တိုုးမြှင့်စစ်အင်အားဖြင့် တိုက်ခိုက်မည်ဟု ဆိုသည်။
ဝစ်ကော့ဖ်က ၎င်းင်းသည် ပေါင်းကူးကမ်း လှမ်းချက်ကို ကမ်းလှမ်းခဲ့သည်ဟု မတ် ၁၆ ရက်တွင် CNN ကို ပြောကြားခဲ့သည်။ ဓားစာခံငါးဦးကို ပါလက်စတိုင်းအကျဉ်းသားများဖြင့် ဖလှယ်ရန် ကမ်းလှမ်းခဲ့သည်ဟုဆို သည်။
Ref: AFP