■ ချန်ပီယံလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ချန်ပီယံလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 11 March 2025

■ လိုင်လီ နှင့် ဒေါ့မွန် (၁၃-၃-၂၀၂၅ နံနက် ၀၀း၁၅ နာရီ)

ပထမအကျော့ ဒေါ့မွန်ကွင်းမှာတုန်းက သရေကျခဲ့ပြီး အခုပွဲကတော့ လိုင်လီအတွက် အခွင့်အရေးနည်းနည်းလေး ပိုကောင်းနေတယ်။ ပထမအကျော့တုန်းက ဒေါ့မွန်အသင်းရဲ့ တိုက်စစ်ပိုင်းက အခွင့်အရေးဖြုန်းတီးမှုတွေကြောင့် သရေကျခဲ့တာဖြစ်ပြီး ဒေါ့မွန်က ပိုကောင်းခဲ့တယ်လို့တော့ ပြောလို့ရတယ်။ ဒါပေမဲ့ လိုင်လီအသင်းရဲ့ ခံစစ်ကစားပုံနဲ့ တန်ပြန်တိုက်စစ် ပုံစံကောင်းအချို့ကိုလည်း မြင်ခဲ့ရတယ်။ အခု လိုင်လီအသင်းရဲ့ ကွင်းမှာတော့ ဒေါ့မွန်အတွက် အခက်အခဲ ရှိနိုင်တယ်။ လိုင်လီအသင်းအတွက် အခွင့်အရေးရှိနေပြီး အိမ်ကွင်းမှာ နိုင်ပွဲယူသွားနိုင်တယ်။ 

■ အက်သလက်တီကို နှင့် ရီးယဲလ်မက်ဒရစ် (၁၃-၃-၂၀၂၅ နံနက် ၂း၃၀ နာရီ)

မက်ဒရစ်ဒါဘီရဲ့ ပထမအကျော့ ဘာနေဗျူးက ပွဲတုန်းကတော့ အက်သလက်တီကိုမက်ဒရစ်က ပိုပြီးချီးကျူးစရာကောင်းခဲ့တာကို တွေ့ရတယ်။ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အိမ်ကွင်းမှာ အက်သလက်တီကိုမက်ဒရစ်ရဲ့ ကစားပုံက ခံစစ်ကိုအာရုံစိုက်ပြီး တန်ပြန်တိုက်စစ်ဆင်ကစားခဲ့တဲ့ အတွေးအခေါ်က မှန်တယ်။ အခု အက်သလက်တီကိုမက်ဒရစ်ကွင်းမှာတော့ မက်ဒရစ်အတွက် တိုက်စစ်ပိုင်းက အခွင့်အရေး ပိုရလာနိုင်သလို၊ ဂိုးရဖို့ လိုအပ်နေတဲ့ အခြေအနေကလည်း အက်သလက်တီကိုမက်ဒရစ်ကို တိုက်စစ်ပိုဖွင့်ကစားစေလိမ့်မယ်။ ရီးယဲလ်မက်ဒရစ် ရလဒ်ထပ်ကောင်းနိုင်တယ်။ 

■ အာဆင်နယ် နှင့် PSV (၁၃-၃-၂၀၂၅ နံနက် ၂း၃၀ နာရီ)

ဒီပွဲက ပထမအကျော့ပြီးကတည်းက အဖြေထွက်ပြီးသားပွဲတစ်ပွဲဖြစ်တယ်။ အာဆင်နယ်အသင်းကို ဒီဘက်ပိုင်းကာလတွေမှာ အကောင်းဆုံးစိတ်ဓာတ်၊ အကောင်းဆုံးတိုက်စစ်ပိုင်းနဲ့ ပြန်မြင်ရတဲ့ပွဲလည်းဖြစ်တယ်။ မန်စီးတီးကို ဂိုးပြတ်နိုင်ခဲ့တုန်းကထက် ပိုချီးကျူးစရာကောင်းပြီး တိုက်စစ်ပိုင်း ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရချိန်မှာ ဂိုးမိုးရွာခဲ့တဲ့ ပွဲလည်းဖြစ်တယ်။ ဒီပွဲက အာဆင်နယ်အတွက် ပထမအကျော့ ဂိုးပြတ်နိုင်ထားတဲ့ အခြေအနေကြောင့် ဂိုးတွေအများကြီးရဖို့ မလိုသလို၊ အင်အားချွေတာရမယ့်ပွဲမျိုးလည်းဖြစ်တယ်။ အာဆင်နယ်နိုင်ရင်တောင် ဂိုးမပြတ်နိုင်တဲ့ပွဲမျိုးပါ။ 

■ အက်စတွန်ဗီလာ နှင့် ကလပ်ဘရုဂေး (၁၃-၃-၂၀၂၅ နံနက် ၂း၃၀ နာရီ)

အက်စတွန်ဗီလာက ပထမအကျော့ကတည်းက ဘယ်လ်ဂျီယံမြေမှာ ကလပ်ဘရုဂေးကို ပုံစံကောင်းပြပြီး အနိုင်ယူခဲ့တာပါ။ လက်ရှိအချိန်မှာလည်း အက်စတွန်ဗီလာရဲ့ အကောင်းဆုံးပုံ စံကို မြင်တွေ့နေရပြီး အတော်လေးကို အားရစရာကောင်းပါတယ်။ ဒါပေမဲ့ အက်စတွန်ဗီလာ သရေလောက်နဲ့ပဲ နောက်တစ်ဆင့် တက်လိမ့်မယ်။

Most Read

Most Recent