■နစကဥက္ကဋ္ဌနှင့် ဘယ်လာရုစ်သမ္မတတို့ ဘယ်လာရုစ်သမ္မတနန်းတော်တွင် တွေ့ဆုံပြီး နှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်

■နစကဥက္ကဋ္ဌနှင့် ဘယ်လာရုစ်သမ္မတတို့ ဘယ်လာရုစ်သမ္မတနန်းတော်တွင် တွေ့ဆုံပြီး နှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်
Published 7 March 2025

နှစ်နိုင်ငံအကြား အားကစား၊ ခရီးသွား၊ ဥပဒေရေးရာ၊ စိုက်ပျိုးရေးနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး

ဘယ်လာရုစ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား မတ် ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတမစ္စတာ လူကာရှန်းကော့က သမ္မတနန်းတော်တွင် တွေ့ဆုံပြီး နှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်ရန် သမ္မတနန်းတော်သို့ရောက်ရှိလာသည့် နစကဥက္ကဋ္ဌဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဘယ်လာရုစ်သမ္မတက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။ 

ထို့နောက် နစကဥက္ကဋ္ဌနှင့် ဘယ်လာရုစ်သမ္မတတို့ သီးသန့်တွေ့ဆုံရာတွင် ဦးစွာ ဘယ်လာရုစ်နိုင်ငံသမ္မတက ယခုတွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက်ဖွံ့ဖြိုးလာမည်ဟုယုံကြည်ပါကြောင်း၊ နှစ်နိုင်ငံ သဘော တူညီချက်များနှင့်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုအဆွေတော်၏ ချစ်ကြည်ရေးခရီးစဉ်မှတစ်ဆင့် လုပ်ငန်းများအောင်မြင်မှုရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့်ပြောကြားသည်။

ထို့နောက်  နစကဥက္ကဋ္ဌက မိမိအနေဖြင့် ဘယ်လာရုစ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့သည်မှာ ယခုအခါ ဒုတိယကြိမ်လာရောက်ခြင်းဖြစ်ပါကြောင်း၊ ဘယ်လာရုစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း မျက်မြင်တွေ့မြင်ရပါကြောင်း၊ မိမိအားယခုကဲ့သို့ နိုင်ငံတော်အဆင့် ဂုဏ်ပြု ကြိုဆိုမှုအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ အဆွေတော်အနေဖြင့် ပြီးခဲ့သည့် ရွေးကောက်ပွဲကာလအတွင် အနိုင်ရရှိခဲ့မှုအတွက်လည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မိမိအနေဖြင့်ယခင်လာရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်အတွင်း ဘယ်လာရုစ်နိုင်ငံ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းမှုများနှင့် တိုးတက်မှုများကို တွေ့ရှိခဲ့ ရပါကြောင်း၊ ထို့ကြောင့်မိမိအနေဖြင့် ဘယ်လာရုစ်နိုင်ငံနှင့် ကဏ္ဍဍပေါင်းစုံ၌ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်း ဖြင့် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြားတွင် နှစ်နိုင်ငံအတွက် အကျိုးဖြစ် ထွန်းမှုများရှိနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်ကိုလည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး နှစ်နိုင်ငံအကြားစီးပွားရေးဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း စသည်ဖြင့်ပြောကြားသည်။

ယင်းနောက် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ အားကစား စသည့် ကဏ္ဍဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆောင်ရွက် သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နိုင်ငံချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာအားကောင်းလာမည့် အခြေအနေများ၊ မြန်မာ-ဘယ်လာရုစ်ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၌ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့အတူ မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးပွဲကို မတ် ရက်ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင်  သမ္မတနန်းတော် အစည်းအဝေးခန်း၌ ပြုလုပ်ရာ နစကဥက္ကဋ္ဌနှင့် ဘယ်လာရုစ်သမ္မတတို့ ဦးဆောင်၍ နှစ်နိုင်ငံတာဝန်ရှိသူများတက်ရောက်ခဲ့သည်။

အဆိုပါ နှစ်နိုင်ငံဆွေးနွေးပွဲတွင် နှစ်နိုင်ငံအလှမ်းကွာဝေးသော်လည်း သံတမန် ဆက်ဆံရေးနှင့် ကာကွယ်ရေးပိုင်းဆိုင်ရာ ဆက်ဆံရေးများရှိသည့်နိုင်ငံများဖြစ်ကြီး ချစ်ကြည်ရင်းနှီးမှုရှိသည့် မိတ်ဆွေကောင်းနိုင်ငံများဖြစ်သည့် အခြေအနေများ၊ ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအကြားနားလည်မှုစာချွန်လွှာများ ရေးထိုးမည့် အခြေအနေများ၊ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ညှိနှိုင်းဆွေးနွေးပွဲ များ ကျင်းပနိုင်မှုအခြေအနေများ၊ နို့ထွက်ပစ္စည်များထုတ်လုပ်ခြင်း၊ စက်မှုကုန်ကြမ်း သီးနှံ များစိုက်ပျိုးထုတ်လုပ်ခြင်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်ရေးဆိုင် ရာကိစ္စရပ်များ၊ ရင်းနှီးမြှပ်နှံမှုများ ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေးလုပ်ငန်း၊ လယ်ယာသုံးစက်ကိရိယာ များထုတ်လုပ်ခြင်းJလုပ်ငန်းနှင့် အခြားကဏ္ဍဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး မက်ခ်ဇင်ရီဇန်ကော့ဗ်တို့က မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသော သဘောတူထားသည့် မြန်မာ-ဘယ်လရုစ် နှစ်နိုင်ငံအကြား အစိုးရများအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချွန်လွှာများ၊ အားကစားကဏ္ဍဍ၊ ခရီးသွားကဏ္ဍဍ၊ ဥပဒေရေးရာပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနှင့် အစားအစာဘေးအန္တရာယ် ကင်းရှင်းရေး ကဏ္ဍဍများတွင် ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ များကိုလဲ လှယ်ခဲ့သည်။

အလားတူ နစကဥက္ကဋ္ဌသည် မင့်စ်မြို့ရှိ ဘယ်လာရုစ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ရုံးတွင် ဝန်ကြီးချုပ် Mr. Roman Alexandrovich Golovchenko နှင့်လည်းကောင်း၊ အမျိုးသားလွှတ်တော်အဆောက်အဦတွင် အမျိုသားလွှတ်တော်ဥက္ကဋ္ဌ Mr. Igor Petrovich Sergeenko နှင့်လည်းကောင်းသီးခြားစီတွေ့ဆုံကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

Most Read

Most Recent