နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာလူကာရှင်းကော့တို့သည် ယနေ့(မတ် ၇ ရက်) ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ဘယ်လာရုစ်သမ္မတနန်းတော်တွင် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ ဘယ်လာရုစ်သမ္မတနန်းတော်သို့ရောက်ရှိလာသည့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဘယ်လာရုစ်နိုင်ငံ သမ္မတ လူကာရှန်းကော့က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။
ထို့နောက် နစကဥက္ကဋ္ဌနှင့် ဘယ်လာရုစ်သမ္မတတို့သည် သီးသန့်တွေ့ဆုံဆွေးနွေးမှုပြုလျက်ရှိသည်။
ယင်းသို့တွေ့ဆုံဆွေးနွေးပြီးနောက် နစကဥက္ကဋ္ဌနှင့် ဘယ်လာရုစ်သမ္မတို့ ဦးဆောင်ပြီး နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးခြင်း ဆက်လက်ပြုလုပ်မည်ဖြစ်သည်။
အဆိုပါ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာလူကာရှင်းကော့ကို အဂ္ဂမဟာသရေစည်သူဘွဲ့ချီးမြှင့်အပ်နှင်းပွဲ ဆက်လက်ပြုလုပ်မည်ဖြစ်သည်။
ယင်းနောက် နှစ်နိုင်ငံသဘောတူညီမှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းနှင့် အပြန်အလှန်လဲလှယ်ခြင်းများကို ပြုလုပ်မည်ဖြစ်သည်။















