ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ Piskaryovskoye Memorial Cemetery တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပန်းခွေချ အလေးပြုခဲ့သည်။
ယနေ့(မတ် ၆ ရက်) ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ Piskaryovskoye Memorial Cemetery ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ပန်းခွေချအလေးပြုခဲ့ကြခြင်းဖြစ်သည်။
ထို့နောက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ သည် စိန့်ပီတာစဘတ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ သွားရောက်၍ မြန်မာကောင်စစ်ဝန်ချုပ်ရုံး မိသားစုဝင်များနှင့် သင်တန်းသားအရာရှိများအား တွေ့ဆုံခဲ့ကြသည်။















