■ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် (ပထမအကျော့)ပွဲကြိုသုံးသပ်ချက်
■ ဆိုစီဒက် နှင့် ရီးယဲလ်မက်ဒရစ် (၂၇-၂-၂၀၂၅ မြန်မာစံတော်ချိန် နံနက် ၃း၀၀ နာရီ)
ချန်ပီယံလိဂ်မှာ မန်စီးတီးအသင်းကို နှစ်ကျော့စလုံး အနိုင်ကစားပြလိုက်တဲ့ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ခြေစွမ်းက ဥရောပမှာ နံပါတ်တစ်ဆိုတာ ထပ်မံသက်သေပြလိုက်တာပဲ ဖြစ်တယ်။ စပိန်စူပါဖလားမှာ ဘာစီလိုနာကို အရေးနိမ့်ခဲ့ပြီး ဖလားတစ်လုံး လက်လွှတ်ခဲ့ရလို့ ရီးယဲလ်အသင်း နောက်ထပ်ဖလားတွေ မဆုံးရှုံးရအောင် ပိုအာရုံစိုက်ကစားတော့မှာ သေချာပါတယ်။ ဖလားသုံးလုံးလမ်းကြောင်းပေါ်မှာ ရောက်နေတဲ့ ရီးယဲလ်အသင်းအဖို့ အရေးပါဆုံးအချိန် ရောက်လာတာဖြစ်ပြီး နောက်တန်းမှာ ရူဒီဂါ၊ အလာဘာတို့ ပြန်ကစားနိုင်ဖို့ အင်အားပြန်တောင့်လာကာ လူငယ်ကြယ်ပွင့် အဆန်စီယိုကလည်း အသင်းအရေးကြုံချိန်မှာ အကောင်းဆုံးပုံစံကို ပြသထားနိုင်နေတယ်။ အဝေးကွင်းဖြစ်ပေမဲ့ ရီးယဲလ်အသင်း အနိုင်ကစားဖို့ များတယ်။
■ ကိုပါအီတာလီယာပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
■ ဂျူဗင်တပ်စ် နှင့် အမ်ပိုလီ (၂၇-၂-၂၀၂၅ မြန်မာစံတော်ချိန် နံနက် ၂း၃၀ နာရီ)
ဂျူဗင်တပ်စ်အသင်းက ဒီပွဲကိုကျော်ဖြတ်နိုင်ရင် ဆီမီးဖိုင်နယ်မှာ နည်းပြ မော့တာရဲ့အသင်းဟောင်း ဘိုလော့ဂ်နာနဲ့ သာ ဆုံတွေ့ရမှာဖြစ်လို့ ဗိုလ်လုပွဲအထိ ပွဲစဉ်လမ်းကြောင်း ချောင်သွားခဲ့တယ်။ အမ်ပိုလီအသင်းကတော့ စီးရီးအေပြိုင်ပွဲမှာတောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေလို့ အဝေးကွင်းမှာ ဒုက္ခပေးနိုင်တဲ့ အနေအထားမရှိတာ သေချာတယ်။ ဂျူဗင်တပ်စ်ပဲ ကြိုက်တယ်။
■ ဂျာမန်ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
■ လိုက်ပ်ဇစ် နှင့် ဝုလ်ဖ်ဘတ် (၂၇-၂-၂၀၂၅ မြန်မာစံတော်ချိန် နံနက် ၂း၁၅ နာရီ)
ပြီးခဲ့တဲ့ရာသီ ဒုတိယအဆင့်မှာ တွေ့ဆုံခဲ့ပြီး ဝုလ်ဖ်ဘတ်အသင်းက နှစ်နှစ်ဆက်ချန်ပီယံ လိုက်ပ်ဇစ်ကို ဖြုတ်ချထားခဲ့ တယ်။ အဲဒီမတိုင်ခင် (၃)နှစ်ဆက်တိုက် လိုက်ပ်ဇစ်အသင်း ဗိုလ်လုပွဲရောက်ထားခဲ့ပြီး ဂျာမန်ဖလားကို အလေးထားယှဉ်ပြိုင် လေ့ရှိတဲ့အသင်း ဖြစ်လာခဲ့တယ်။ လိုက်ပ်ဇစ်အသင်းပဲ အနိုင်ရဖို့များတယ်။