■ ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟိုကို လူမျိုးရေးခွဲခြားမှုဖြင့် ဂါလာတာစာရေး တရားစွဲဆိုမည်

■ ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟိုကို လူမျိုးရေးခွဲခြားမှုဖြင့် ဂါလာတာစာရေး တရားစွဲဆိုမည်
Photo: Getty Images
Photo: Getty Images
Published 26 February 2025

 

ဂါလာတာစာရေးအသင်းသည် အဓိကပြိုင်ဘက် ဖီနာဘာချီအသင်းမှ နာမည်ကျော်နည်းပြ မော်ရင်ဟိုကို လူမျိုးရေးခွဲခြားမှုဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

ချန်ပီယံဆုအတွက် အဓိကအဆုံးအဖြတ်ပွဲအဖြစ် ဇန်နဝါရီလ ၂၄ ရက်က ဂါလာတာစာရေးနှင့် ဖီနာဘာချီအသင်း ယှဉ်ပြိုင်ကစားခဲ့ကာ ဂိုးမရှိသရေကျခဲ့ပြီးနောက် ပွဲအတွင်းမှ ဖြစ်စဉ်များအပေါ် ဂါလာတာစာရေးအသင်းက လူမျိုးရေးခွဲခြားမှုဟု သတ်မှတ်ခဲ့ခြင်းလည်း ဖြစ်သည်။ 

ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် မော်ရင်ဟိုက ဂါလာတာစာရေးအရန်ခုံတန်းမှ နည်းပြအဖွဲ့ဝင်များနှင့် ကစားသမားများကို မျောက်များကခုန်နေခြင်းနှင့် တူသည်ဟု လှောင်ပြောင်ခဲ့ပြီး တူရကီဒိုင်လူကြီးတစ်ဦးကို ပွဲတွင်တာဝန်ပေးလျှင် ဘေးအန္တရာယ် ကျရောက်မှုတစ်ခုဟု ထပ်မံဝေဖန်ခဲ့သည်။ 

အဆိုပွဲတွင် နှစ်ဖက်အသင်း၏တောင်းဆိုမှုဖြင့် ဆလိုဗေးနီးယားဒိုင်လူကြီး ဆလက်ကိုဗန်ချစ်ကို ကိုင်တွယ်စေခဲ့သည်။ ဂါလာတာစာရေးအသင်းသည် မော်ရင်ဟို၏မည်သည့်စကားကို ကိုးကားပြီး တရားစွဲဆိုသွားမည် ဖြစ်ကြောင်းကိုမူ ပြောကြားခဲ့ခြင်းမရှိကြောင်း  သိရသည်။ 

သို့သော် ဂါလာတာစာရေးအသင်းက မော်ရင်ဟို၏လုပ်ရက်အတွက် FIFA ၊ UEFA နှင့် တူရကီဘောလုံးအဖွဲ့ချုပ်စသည့် ဘောလုံးအဖွဲ့အစည်းများကို တိုင်ကြားသွားမည်ဟုလည်း အတည်ပြုခဲ့သည်။ ချယ်လ်ဆီး၊ အင်တာမီလန်၊ ရီးယဲလ်မက်ဒရစ်၊ မန်ယူနှင့် စပါးအသင်းနည်းပြဟောင်း မော်ရင်ဟိုအပြင် ဖီနာဘာချီအသင်းလည်း ဖြေရှင်းချက်ပေးရဖွယ်ရှိသည်။ 

လက်ရှိတူရကီစူပါလိဂ်တွင် ဂါလာတာစာရေးအသင်းက ၆၄ မှတ် ရထားပြီး ဖီနာဘာချီကို ခြောက်မှတ်ဖြတ်ကာ ဦးဆောင်လျက်ရှိသည်။

Most Read

Most Recent