ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံးတွင်  ‘မဲခေါင်-ဂင်္ဂါ’ အိန္ဒိယ-မြန်မာ အစားအစာ ယဉ်ကျေးမှုပွဲတော် ပြုလုပ်

ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံးတွင်  ‘မဲခေါင်-ဂင်္ဂါ’ အိန္ဒိယ-မြန်မာ အစားအစာ ယဉ်ကျေးမှုပွဲတော် ပြုလုပ်
Published 24 February 2025

ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံး The Secretariat အဆောက်အဦးတွင်  ‘မဲခေါင်-ဂင်္ဂါအိန္ဒိယ-မြန်မာအစားအစာ ယဉ်ကျေးမှုပွဲတော်ကို ဖေဖော်ဝါရီ ၂၃ ရက်၊ ညနေ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

 ‘မဲခေါင်-ဂင်္ဂါအိန္ဒိယ-မြန်မာ အစား အစာ ယဉ်ကျေးမှုပွဲတော်ကို ရန်ကုန်မြို့၊ အိန္ဒိယသံရုံးသည် ရန်ကုန်မြို့ရှိ အိန္ဒိယနွယ်ဖွား အမျိုး သမီးများအသင်းနှင့် မြန်မာစီးပွားရေးလုပ်ငန်း ရှင်အမျိုးသမီးများကွန်ရက်တို့နှင့် ပူးပေါင်းပြု လုပ်ခြင်းဖြစ်သည်။

အဆိုပါပွဲတော်သို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း၊ အိန္ဒိယသံအမတ်ကြီး H.E.Mr.Abhay Thakur ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ ရန်ကုန်မြို့ အိန္ဒိယနွယ်ဖွားအမျိုးသမီးများအသင်းနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုး သမီးများကွန်ရက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ယင်းယဉ်ကျေးမှုပွဲတော်တွင် မြန်မာအစားအစာပြခန်းများ၊ အိန္ဒိယအစားအစာပြခန်းများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းပြခန်းများ၊ လက်မှုပစ္စည်းနှင့် အဝတ်အထည်ပြခန်းများအပါအဝင် စုစုပေါင်း ၄၆ ခန်းပါဝင်ပြသခဲ့ကြောင်း သိရသည်။

ထို့ပြင်  အိန္ဒိယ-မြန်မာအစားအစာယဉ် ကျေးမှုပွဲတော်သို့ လာရောက်သူများကို အိန္ဒိယယဉ်ကျေးမှုအသင်းအဖွဲ့များက အိန္ဒိယရိုးရာအကများ၊ တေးသီချင်းများ၊ မြန်မာယဉ် ကျေးမှုအသင်းအဖွဲ့များက ရုပ်သေးအကများ၊ မင်္ဂလာပါသီချင်းဖြင့် ယဉ်ကျေးမှုအကများဖြင့် ကပြ ဖျော်ဖြေတက်ဆက်ခဲ့ကြသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းက ယနေ့ အစားအစာပွဲတော်အခမ်းအနားသည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်အတွက် ကောင်းမွန်သောဆောင်ရွက်ချက်တစ်ခုဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံတွင် အာဆီယံအစားအစာပွဲတော်ကဲ့သို့ ခရီးသွားမြှင့်တင်ရေးဆိုင်ရာအစီအစဉ်များကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ပွဲတော်မှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး ယဉ်ကျေးမှုဖလှယ်ရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းအသစ်များ ဖန်တီးပေးနိုင်မည်ဟု ယုံကြည်ကြောင်း ယင်းပွဲတော်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent