လီဗာပူးလ်က ပရီးမီးယားလိဂ်တစ်ခုတည်း လူစွမ်းကောင်း ဖြစ်နေတာမဟုတ်ပါဘူး။ ချန်ပီယံလိဂ်မှာလည်းအမှတ်ပေးဇယားဦးဆောင်သူနေရာ သိမ်းပိုက်ထားတယ်။ လိဂ်ဖလားမှာလည်းဆီမီးဖိုင်နယ် ရောက်နေပါတယ်။ အက်ဖ်အေဖလားပါထည့်တွက်ရင် လီဗာပူးလ်က ဖလားလေးလုံးအိပ်မက် မက်ခွင့်ရှိနေပါပြီ။ အာနယ်ဆလော့က တိတ်ဆိတ်သန်မာစွာချီတက်နေတယ်၊ သူ့လက်သည်းတွေဝှက်ထားပြီး အဲဒီလက်သည်းတွေဟာ ပြိုင်ဘက်တိုင်းကို အချိန်မရွေးအဆိပ်သင့်စေနိုင်တာအမှန်ပဲ။ ဆလော့လက်ထက် လီဗာပူးလ်ကပြိုင်ပွဲတိုင်းဘုရင်ဖြစ်နေတာ တကယ့်အံ့မခန်းမဟုတ်လား။ ဒါပေမဲ့ ဆလော့က ချန်ပီယံဆုအကြောင်း မေးခွန်းတွေမေးရင် မဖြေချင်ဘူး။ အဲဒီမေးခွန်းတွေဟာ ပျင်းစရာသိပ်ကောင်းတာပဲဆိုပြီး တုံ့ပြန်တတ်တယ်။ "ပွဲတွေဘယ်လောက် ကစားရဦးမလဲဆိုတာ သိကြတယ်မဟုတ်လား။ ပရီးမီးယားလိဂ်မှာ အရည်အသွေးမြင့်အသင်းတွေ သိပ်များပါတယ်။ ပရီးမီးယားလိဂ်မှာ ဦးဆောင်နေပေမယ့် လက်ကျန်ပွဲတွေကစားရဦးမှာဖြစ်လို့ အောင်ပွဲခံခွင့်မရသေးပါဘူး"လို့ ဆလော့ ပြောပါတယ်။
လီဗာပူးလ်လက်ထဲက ချန်ပီယံဆု
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။