■ ချာလိုဘာ၊ ချယ်လ်ဆီးရဲ့အရေးပေါ်လိုအပ်မှု     

■ ချာလိုဘာ၊ ချယ်လ်ဆီးရဲ့အရေးပေါ်လိုအပ်မှု     
Photo: Getty Images
Photo: Getty Images
Published 24 January 2025
AK

ချာလိုဘာဟာ ချယ်လ်ဆီးနဲ့ ဘယ်လိုမှ ခွဲခြားမရနိုင်သူပဲ။ သူက ချယ်လ်ဆီးရဲ့ Bomb Squad ပါ။ Bomb Squad ဆိုတာ ဗန်းစကားပါ။ အသင်း တစ်သင်းရဲ့ ယုံကြည်မှုကို ခိုင်ခိုင်မာမာ မပိုင်ဆိုင်သူ၊ အသင်းကြီးနဲ့ လေ့ကျင့်ခန်းဆင်းခွင့်မရဘဲ လူငယ်အသင်းမှာ လေ့ကျင့်ခန်းသွားဆင်းရသူ၊ ဒါမှမဟုတ် အငှားကစားသမားဘဝနဲ့ ဖြတ်သန်းနေရသူလို့ အဓိပ္ပာယ်ရပါတယ်။ မာရက်စကာလက်ထက်မှာ ချာလိုဘာရဲ့ ချယ်လ်ဆီးကစားသမားဘဝအနာဂတ်က ပိုပြီးဝေ၀ါးလာတယ်။ မာရက်စကာမလိုအပ်လို့ ရှင်း ထုတ်တဲ့ ချယ်လ်ဆီးကစားသမား တစ်ဒါဇင်နီးပါးထဲ ချာလိုဘာ စာရင်းပေါက်သွားတယ်။ ခရစ္စတယ်ပဲ့လေစ်အသင်းမှာ သူ့ကိုယ်သူ သွားရောက်တည် ဆောက်နေရပါတယ်။ ဒါပေမဲ့ အခု ဇန်နဝါရီလထဲမှာ ချယ်လ်ဆီးက ချာလိုဘာကို Emergency Recall အဖြစ် ပြန်လည်ခေါ်ယူခဲ့ရတယ်။

 

Most Read

Most Recent