ဇက်ဇီရဲ့ အသည်းကွဲခရစ္စမတ် (Life)

ဇက်ဇီရဲ့ အသည်းကွဲခရစ္စမတ် (Life)
Photo : X
Photo : X
Published 26 December 2024
Wai Yan Aung

ခရစ္စမတ်ဆိုတာ မိသားစု ဒါမှမဟုတ် ချစ်ရသူနဲ့ အတူရှိနေသင့်တဲ့ နေ့ထူးနေ့မြတ်တစ်ခုပေါ့။ ဒါပေမဲ့ ဇက်ဇီကတော့ အဖော်မဲ့ခဲ့ရရှာပါတယ်။ နယ်သာလန်တိုက်စစ်မှူး ဇက်ဇီက မိသားစုနဲ့ ဝေးရာ အင်္ဂလန်မြေကို ရောက်ရှိနေတဲ့အပြင် ချစ်သူနဲ့လည်း လမ်းခွဲထားတာကြောင့်ပါ။ ဒီတော့ ဇက်ဇီရဲ့ အသည်းကွဲခရစ္စမတ်ပဲပေါ့။ ဇက်ဇီမှာ ဂျာဒါကား ဆိုတဲ့ ဂျာမန်မော်ဒယ် ချစ်သူလေးတစ်ယောက် ရှိခဲ့ဖူးတယ်။ ဇက်ဇီက နယ်သာလန်ကစားသမား ဆိုပေမဲ့ အသက် ၁၆ နှစ်အရွယ်ကတည်းက ဘိုင်ယန်မြူးနစ်လူငယ်အသင်းကို ရောက်ရှိပြီး ဂျာမန်မြေမှာ ၅ နှစ်လောက် ကျင်လည်ဖြတ်သန်းခဲ့ရသူပါ။ မီဒီယာတွေကတော့ ဂျာမန်မြေကို စရောက် တဲ့ ဆယ်ကျော်သက်အရွယ်ကတည်းက ဂျာဒါကားနဲ့ ချင်ခင်စုံမက်ခဲ့ကြပုံရတယ်လို့ ဆိုပါတယ်။

 

Most Read

Most Recent