ဒီအချိန်က ပရီးမီးယားလိဂ်ရဲ့ ပွဲတော်ကာလ Festive Period လို့ သတ်မှတ်ကြပါတယ်။ ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော်ကာလအတွင်း ဘောလုံးပွဲတွေ ဆက်တိုက်ယှဉ်ပြိုင်ကစားနေရတာကြောင့်ပါ။ ဥရောပထိပ်သီးလိဂ် အတော်များများကတော့ ဒီအချိန်မှာ ဆောင်းခိုရပ်နားလေ့ရှိပါတယ်။ ဒီနှစ်မှာ စပိန်လာလီဂါ၊ ဂျာမန်ဘွန်ဒစ်လီဂါနဲ့ ပြင်သစ်လီဂူး ပြိုင်ပွဲတွေက ဒီဇင်ဘာ (၂၂) ပွဲစဉ်တွေအပြီးမှာ အနားပေးခဲ့ကြပြီး ဇန်နဝါရီ ပထမပတ်နဲ့ ဒုတိယပတ်မှာမှ ပြန်ကစားကြရမှာပါ။ အီတလီစီးရီးအေကတော့ ပရီးမီးယားလိဂ်ကို တုပပြီး ဒီကာလအတွင်းမှာ ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ အစဉ်အလာကြီးမားတဲ့ ပရီးမီးယားလိဂ်နဲ့တော့ ယှဉ်နိုင်ဖို့ ခက်ပါတယ်။ Festive Period ဆိုတာက ပရီးမီးယားလိဂ်အတွက်တော့ အသားကျနေတဲ့ ပွဲကျပ်ကာလတစ်ခုလို့ ဆိုနိုင်ပါတယ်။
■ ပရီးမီးယားလိဂ်ရဲ့ Boxing Day နဲ့ Festive Period
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















