ပရီးမီးယားလိဂ်ရဲ့ Boxing Day နဲ့ Festive Period

ပရီးမီးယားလိဂ်ရဲ့ Boxing Day နဲ့ Festive Period
Photos: AFP
Photos: AFP
Published 25 December 2024
Wai Yan Aung

ဒီအချိန်က ပရီးမီးယားလိဂ်ရဲ့ ပွဲတော်ကာလ Festive Period လို့ သတ်မှတ်ကြပါတယ်။ ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော် ကာလအတွင်း ဘောလုံးပွဲတွေ ဆက်တိုက်ယှဉ်ပြိုင်ကစားနေရတာကြောင့်ပါ။ ဥရောပထိပ်သီးလိဂ်အတော်များများကတော့ ဒီအချိန်မှာ ဆောင်းခိုရပ်နားလေ့ရှိပါတယ်။ ဒီနှစ်မှာ စပိန်လာလီဂါ၊ ဂျာမန်ဘွန်ဒစ်လီဂါနဲ့ ပြင်သစ်လီဂူးပြိုင်ပွဲတွေက ဒီဇင်ဘာ ၂၂ ပွဲစဉ်တွေအပြီးမှာ အနားပေးခဲ့ကြပြီး ဇန်နဝါရီ ပထမပတ်နဲ့ ဒုတိယပတ်မှာမှ ပြန်ကစားကြရမှာပါ။ အီတလီစီးရီးအေကတော့ ပရီးမီးယားလိဂ်ကို တုပပြီး ဒီကာလအတွင်းမှာ ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ အစဉ်အလာကြီးမားတဲ့ ပရီးမီးယားလိဂ်နဲ့တော့ ယှဉ်နိုင်ဖို့ ခက်ပါတယ်။ Festive Period ဆိုတာက ပရီးမီးယားလိဂ်အတွက်တော့ အသားကျနေတဲ့ ပွဲကျပ်ကာလတစ်ခုလို့ ဆိုနိုင်ပါတယ်။ ကစားသမားတွေရဲ့ ပွဲပန်းမှုအပေါ် ဝေဖန်ပြစ်တင်မှုတွေ များလာတာကြောင့် ဒီနှစ်မှာ အသင်းတိုင်း တစ်ပွဲနဲ့ တစ်ပွဲကြား အနည်းဆုံး နာရီ ၆၀ နားချိန်ရအောင် စီစဉ်ပေးထားပေမဲ့  ၃ ရက် တစ်ပွဲနှုန်းလောက်တော့ ယှဉ်ပြိုင်ကစားရတာပါပဲ။ ဒါကြောင့် ခြေချော်မှားယွင်းမှုတွေကို မြင်တွေ့ရတတ်တဲ့ ကာလတစ်ခုလည်းဖြစ်ပြီး ဒီကာလအတွင်းမှာ ရာသီတစ်ဝက်ကျိုးမှာကြောင့် ရာသီဝက်ချန်ပီယံဘွဲ့ကို ဘယ်အသင်းဆွတ်ခူးနိုင်မလဲ ဆိုတာကိုလည်း စောင့်ကြည့်ရင်ခုန်ရမှာပါ။

 

Most Read

Most Recent