■ ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပဏာမစာရင်းတွင် မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော် ပါဝင်လာ

■ ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပဏာမစာရင်းတွင် မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော် ပါဝင်လာ
Published 7 November 2024

ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပဏာမစာရင်းတွင် မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော် ပါဝင်လာကြောင်း ယူနက်စကို၏ Website  တွင် ဖော်ပြထားချက်အရသိရသည်။

ယူနက်စကို၏ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်စာရင်းအဖြစ် သတ်မှတ်မည့် အဆိုပြုစာတွဲများတွင် မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်  ပါဝင်လာခြင်းဖြစ်သည်။

တင်ပြထားသည့် အဆိုပြုစာတွဲများကို  ဒီဇင်ဘာ ၂ ရက်မှ ၇ ရက်အထိ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့၌ ကျင်းပပြုလုပ်မည့် (၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် တရားဝင် ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆိုပြုစာရင်းတွင် ပါဝင်လာသည့်အတွက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်ရန်သေချာသလောက်ရှိနေသည်ဟု ရှေးဟောင်း သုတေသနပညာရှင်တစ်ဦးက သုံးသပ်သည်။

မြန်မာနိုင်ငံတွင် ယူနက်စကိုစာရင်းတွင် နောက်ဆုံးသတ်မှတ်ခံထားရသည့် ဒေသမှာ ပုဂံဒေသဖြစ်ပြီး မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော် အား အတည်ပြုသတ်မှတ်ပြီးပါက ပထမဆုံးဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။