ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း တစ်ဒေါ်လာလျှင် ၃၅၆၉ ကျပ်ဖြင့် ဒေါ်လာ ၁၆ သန်းကျော်၊ ယွမ်တစ်သန်းကျော်နှင့် ဘတ် ၁၈ သန်းကျော် ထပ်မံရောင်းချ

ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း တစ်ဒေါ်လာလျှင် ၃၅၆၉ ကျပ်ဖြင့် ဒေါ်လာ ၁၆ သန်းကျော်၊ ယွမ်တစ်သန်းကျော်နှင့် ဘတ် ၁၈ သန်းကျော် ထပ်မံရောင်းချ
Published 29 October 2024

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း တစ်ဒေါ် လာလျှင် ၃၅၆၉ ကျပ်ဖြင့် ဒေါ်လာ ၁၆ သန်း ကျော်၊ ယွမ်တစ်သန်းကျော်နှင့် ဘတ် ၁၈ သန်းကျော်ကို အောက်တိုဘာ ၂၈ ရက်က ထပ်မံရောင်းချခဲ့သည်။

မြန်မာနိုင်ငံဗဟိုဘဏ်အနေဖြင့် နိုင်ငံ ခြား ငွေကြေးစျေးကွက် FX Trading Platform တွင်သွင်းကုန်လုပ်ငန်းရှင်များအား တ ရုတ်ယွမ်ငါးသန်းနှင့်ထိုင်းဘတ် ၂၅ သန်း ရောင်းချမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

အောက်တိုဘာလတွင် နိုင်ငံခြားငွေ ကြေးစျေးကွက်အတွင်း ဗဟိုဘဏ်က ဒေါ် လာ၊ ယွမ်၊ဘတ်ရောင်းချမှုအနေဖြင့် အောက် တိုဘာ ၂ ရက် တွင် ယွမ် ၁ ဒသမ ၂ သန်း ကျော်  (၁၂၄၇၉၆၂ ဒသမ ၇၇)နှင့် ဘတ် ၁၀ သန်းကျော် (၁၀၂၃၀၀၀၀)၊အောက်တိုဘာ ၃ ရက်တွင် တစ်ဒေါ်လာ ၃၅၃၅ ကျပ်ဖြင့် ဒေါ်လာ ရှစ် သိန်းနီးပါး၊ယွမ် ၁ ဒသမ ၂ သန်း ကျော်နှင့် ဘတ်တစ်သန်းကျော် ၊ အောက် တိုဘာ ၄ ရက်တွင် တစ်ဒေါ်လာ ၃၅၄၃ ကျပ် ဖြင့် ဒေါ်လာ ၁၃ ဒသမ ၁၂၂ သန်းကျော်၊ ယွမ် ၂ ဒသမ ၈ သိန်းကျော်၊ အောက်တိုဘာ ၇ ရက် တွင် ဘတ် ၁၀ သန်းကျော်၊ အောက် တိုဘာ ၉ ရက်တွင် တစ်ယွမ်လျှင် ၅၀၇ ကျပ်နှုန်းဖြင့် ယွမ် ၆ ဒသမ ၆ သိန်းကျော်၊  အောက်တိုဘာ ၁၀ ရက်တွင် တစ်ဒေါ်လာ လျှင် ၃၅၅၄ ကျပ်ဖြင့် ဒေါ်လာ ၁၂ ဒသမ ၄ သန်းကျော်၊ ဘတ် ၃၈ သန်းကျော်၊ အောက် တိုဘာ ၁၁ ရက်တွင် တစ်ဒေါ်လာလျှင်  ၃၅၅၄ ကျပ်ဖြင့် ဒေါ်လာ ခုနစ်သိန်းကျော် ၊အောက်တိုဘာ ၁၅ ရက်တွင် တစ်ဒေါ်လာ လျှင် ၃၅၅၄ ကျပ်ဖြင့် ခြောက်သန်းကျော်နှင့် ဘတ် ၁၉၉ သန်းကျော်၊ အောက်တိုဘာ ၂၀ ရက် ထုတ်ပြန်ချက်အရ စက်သုံးဆီနှင့်စား သုံးဆီလုပ်ငန်းရှင်များသို့ဒေါ်လာ ၃၅ သန်း ရောင်းချမည်ဖြစ်ကြောင်း၊ အောက်တိုဘာ ၂၁ ရက်တွင် တစ်ဒေါ်လာလျှင် ၃၅၅၆ ကျပ်နှုန်းဖြင့် ဒေါ်လာ ၂ ဒသမ ၂ သန်းကျော် နှင့် ယွမ် ၁ ဒသမ ၅ သန်းကျော်၊အောက်တို ဘာ ၂၂ ရက်က ဒေါ်လာ ၇ ဒသမ ၅ သန်း ကျော်နှင့် ဘတ်သန်း ၁၅၀ နီးပါး၊ အောက် တိုဘာ ၂၃ ရက်က သွင်းကုန်လုပ်ငန်းရှင်များ အား ဘတ်သန်း ၂၀ ၊ Online Trading Platform တွင် ဒေါ်လာ၂ ဒသမ ၅၆ သန်း ကျော်နှင့် ဘတ် ၁၆ ဒသမ ၅ သန်းကျော်၊ အောက်တိုဘာ ၂၄ ရက်တွင် ဒေါ်လာ တစ် သိန်းကျော်နှင့် ဘတ်ရှစ်သန်းကျော်၊ အောက် တိုဘာ ၂၅ ရက်တွင် တစ်ဒေါ်လာလျှင် ၃၅၆၈ ကျပ်ဖြင့် ဒေါ်လာ သန်း ၂၀၊ ယွမ်ရှစ်သိန်း ကျော်၊ဘတ် နှစ်သိန်းကျော်ထုတ် ရောင်းခဲ့ သည်။ အောက်တိုဘာ ၂၈ ရက်တွင်တ ရုတ် ယွမ်ငါးသန်းနှင့်ထိုင်းဘတ် ၂၅ သန်း ရောင်း ချမည်ဖြစ်ကြောင်း ၊ အောက်တိုဘာ ၂၈ ရက် တွင် ဒေါ်လာ ၁၆ သန်းကျော်၊ ယွမ်တစ်သန်းကျော်နှင့်ဘတ် ၁၈ သန်းကျော် ရောင်းချခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်က နိုင်ငံခြားငွေကြေး စျေး ကွက်အတွင်း စက်တင်ဘာ ၃၀ ရက်တွင် တစ် ဒေါ်လာ၃၅၂၉ ကျပ်ဖြင့် ဒေါ်လာ ၁၃ ဒသမ ၁၆ သန်းကျော်နှင့် ယွမ် ၁ ဒသမ ၈ သန်းကျော် ၊စက်တင်ဘာ ၂၇ ရက်တွင် တစ်ဒေါ်လာ၃၅၂၈ ကျပ်ဖြင့် ဒေါ်လာ ၈၄၁၇၀၊စက်တင်ဘာ ၂၆ ရက်တွင်  တစ်ဒေါ်လာ၃၅၂၄ ကျပ်ဖြင့် ဒေါ် လာ ၄၀၀၀၀၊စက်တင်ဘာ ၂၅ ရက်တွင် တစ် ဒေါ်လာ ၃၅၂၄ ကျပ်ဖြင့် ဒေါ်လာ ၁၃ သန်း နီးပါး (၁၂၈၉၉၄၂၇ ဒသမ ၅၀)နှင့် ယွမ်ခုနစ် သိန်း ၊ စက်တင်ဘာ ၂၃ ရက်တွင် တစ်ဒေါ်လာ ၃၅၂၀ ကျပ်ဖြင့် ဒေါ်လာ ၂၃ သန်းနီးပါး (၂၂၆၄၉၅၇၃ ဒသမ ၁၈)၊ စက်တင်ဘာ ၂၀ ရက်တွင် တစ်ဒေါ်လာ၃၅၁၉ ကျပ်ဖြင့် ဒေါ် လာ  ၁ ဒသမ ၂၈ သန်းကျော်နှင့် ယွမ် ရှစ် သိန်း ထုတ်ရောင်းထားသည်။

 

Most Read

Most Recent