ရုရှားနိုင်ငံက လက်ခံကျင်းပသည့် BRICS အုပ်စု၏ သုံးရက်ကြာ ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့ခေါင်းဆောင် ၂၄ ဦး တက်ရောက်

ရုရှားနိုင်ငံက လက်ခံကျင်းပသည့် BRICS အုပ်စု၏ သုံးရက်ကြာ ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့ခေါင်းဆောင် ၂၄ ဦး တက်ရောက်
BRICS အစည်းအဝေးတက်ရန် ရုရှားသို့ထွက်ခွာလာသော တရုတ်သမ္မတရှီကျင်းပင်ကို ခါဇန်လေဆိပ်သို့ ဆိုက်ရောက်လာပုံကို အောက်တိုဘာ ၂၂ ရက်တွင် တွေ့ရစဉ်(Photo: AFP)
BRICS အစည်းအဝေးတက်ရန် ရုရှားသို့ထွက်ခွာလာသော တရုတ်သမ္မတရှီကျင်းပင်ကို ခါဇန်လေဆိပ်သို့ ဆိုက်ရောက်လာပုံကို အောက်တိုဘာ ၂၂ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 22 October 2024

ကမ္ဘာ့ခေါင်းဆောင် ၂၄ ဦးသည် BRICS အုပ်စု၏သုံးရက်ကြာ ထိပ်သီးအစည်းအဝေး၏ဖွင့်ပွဲအတွက် အောက်တိုဘာ ၂၂ ရက်တွင် ရုရှားနိုင်ငံကိုရောက်ရှိလာခဲ့ကြသည်။

BRICS (ဘရစ်)အုပ်စုသည် ထွန်းသစ်စစီးပွားရေးနိုင်ငံများ၏မဟာမိတ်အဖွဲ့ဖြစ်ပြီး ယင်းအဖွဲ့က အနောက် ကြီးစိုးမှုကို စိန်ခေါ်မည့် အဖွဲ့ဖြစ်လာလိမ့်မည်ဟု ကရင်မလင်က မျှော်လင့်ထားသည်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီး နောက်ပိုင်းရုရှားနိုင်ငံတွင် ပြုလုပ်သော အစည်းအဝေးကြီးဖြစ်သည့် ဤထိပ်သီးအစည်းအဝေးသည် အနောက်အုပ်စုက ရုရှားကို အထီးကျန်ဖြစ်အောင်လုပ်ဆောင်မှု အချိန် နှစ်နှစ်ခွဲကျော်ကြာမြင့်လာချိန်တွင် အောင်မြင်မှုမရဆိုသည်ကို ပြသမည့်အစည်းအဝေးဖြစ်သည်။

တရုတ်သမ္မတရှီကျင်းပင်၊ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ၊ တူရကီသမ္မတ ရီဆက်တေးရစ်အာဒိုဂန်တို့သည် အောက်တိုဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ရုရှားအနောက်ပိုင်း မြို့ခါဇန်တွင် လက်ခံကျင်းပမည့် အစည်း အဝေးသို့တက်ရောက်ကြမည်ဖြစ်သည်။ တရုတ်၊ အိန္ဒိယ၊ တူရကီတို့သည် ရုရှားအတွက် အရေးပါသော မိတ်ဖက်နိုင်ငံများဖြစ်သည်။

ပူတင်၊ မိုဒီ၊ တောင်အာဖရိကသမ္မတ ဆိုင်ရီရာမာဖိုဆာတို့သည် ခါဇန်မြို့ကို ရောက်ရှိနေကြပြီဖြစ်ပြီး တရုတ်သမ္မတရှီကျင်းပင်သည်လည်း ခါဇန်ကို ရောက်ရှိလာပြီဟု ဆိုသည်။

ရုရှားသည် BRICS အုပ်စုကို ၎င်း၏နိုင်ငံခြားရေးမူဝါ ဒေါက်တိုင်အဖြစ် တိုးချဲ့ခဲ့သည်။ BRICS သည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိတို့၏ အင်္ဂလိပ်အခေါ်အဝေါ် အတိုကောက်(ရှေ့ဆုံးစာလုံးများ)များကို စုစည်းကာ ခေါ်ထားသော နာမည်ဖြစ်သည်။

ယခု အစည်းအဝေးတွင် အဓိကထားဆွေးနွေးမည့်အကြောင်းအရာများမှာ ပူတင်၏စိတ်ကူးဖြစ်ပြီး BRICS ဦးဆောင်သည့်  ငွေကြေးစနစ်နှင့်အရှေ့အလယ်ပိုင်း၌ ပဋိကက္ခမြင့်တက်လာခြင်းကိစ္စတို့ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် ရုရှားဘဏ်များသည် နိုင်ငံတကာ ငွေကြေးကွန်ရက်ဖြစ်သော SWIFTမှ ဖြတ်တောက်ခံခဲ့ရသည်။ ထို့ကြောင့် ပူတင်သည်  SWIFT ကို ပြိုင်ဆိုင်မည့်ငွေပေးချေမှုစနစ်ကို BRICS က ဦးဆောင်ရန် ဆွေးနွေးမည် ဖြစ်သည်။

ထို့အပြင် ရုရှားအစိုးရက BRICS ထိပ်သီးအစည်းအဝေးကို သံတမန်ရေးဆိုင်ရာ အောင်ပွဲအဖြစ် အမွှမ်းတင်ထားသည်။ BRICS သည် အနောက်ကြီးစိုးမှုကို စိန်ခေါ်ရန်ဖွဲ့ထားသော မဟာမိတ်အဖွဲ့ဟု ကရင်မ လင်က ပြောကြားထားသည်။

ရုရှားနှင့်အိန္ဒိယတို့အကြားထူးခြားပြီး တစ်ပန်းသာသော မိတ်ဖက်ပူးပေါင်းများဖြစ်သည်ဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီက အစည်းအဝေးမတိုင်မီပြောကြားခဲ့ပြီး ရာသီဥတုပြောင်းလဲမှုအပါအဝင် ပြဿနာရပ်များကို ဆွေးနွေးမည်ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စုက BRICS သည် ပထဝီဝင်နိုင်ငံရေးဆိုင်ရာ ပြိုင်ဘက်အဖွဲ့ဖြစ်လာနိုင်သည်ဟူသော အယူအဆကို ပယ်ချခဲ့သည်ဆိုသော်လည်း ယူကရိန်းစစ် ပွဲဖြစ်ပွားနေစဉ် ရုရှား၏သံတမန်ရေးဆိုင်ရာ သန်မာမှုကို စိုးရိမ်ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent